Tuesday, June 5, 2012

ဖားကန့်မှ မြစ်ကြီးနားသို့ ပြောင်းရွှေ့လုပ်သား အဆင်းများ၍ ဗင်ကားခဈေး (၂)ဆတတ်

ဖားကန့်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် မြန်မာအစိုးရတပ်ကြားတိုက်ပွဲများဖြစ်နေခြင်းကြောင့်   ပြောင်းရွေ့ လုပ်သားများ မြစ်ကြီးနားသို့ အဆင်းများလျက်ရှိကာ ဖားကန့်မှ မြစ်ကြီးနားသို့ အဆင်းယာဉ်ငယ်များတွင် ဈေးနှုန်း(၂)ဆကျော် တိုးမြှင့်လျက်ရှိကြောင်း သိရသည်။

 
ယခင်က ဗင်ကားတစ်စီးတွင်  ကားခ တစ်ယောက်လျှင် ကျပ် ငွေ (၃)သောင်းရှိပြီး ယခုတွင်မူ ခရီးသည်တစ်ဦး လျင် ကျပ်(၆) သောင်းအထိ ပေးနေရခြင်းဖြစ်သည်။
 
“တစ်ချို့ဆို ကားခ မရှိလို့ ခြေကျင်ဆင်းကျတယ်။ ဖားကန့်မှာနေတဲ့ ပြောင်းရွှေ့အလုပ်သမားတွေ အကုန် ပြန်ဆင်းလာကြတာ ဆိုတော့ ကားကရှားရတဲ့ ကားမှာ ဈေးမဆစ်ရဲပဲ လိုက်စီးနေရတယ်။” ဟု ဖားကန့်မြို့ခံ တစ်ဦးက ပြောသည်။
 
ဖားကန့်နှင့်မိုးကောင်းမြို့မှ ပြောင်းရွှေ့အလုပ်သမားများမြစ်ကြီးနားမြို့သို့ တစ်နေ့ ကားအစီးပေါင်း (၅၀) မှ (၆၀) အကြား ဆင်းလျက်ရှိကြောင်း သိရှိရသည်။
 
“ပြန်ချင်တဲ့ လူက များနေတယ်။ ကားက မလောက်တော့ ခရီးစရိတ်တွေ တက်လာတာပါ။ တစ်ခါ တစ်လေ တော့ တစ်ယောက်ကို (၈) သောင်းထိ ယူတယ်။ ခရီးသည် အခြေအနေကြည့်ပြီး တောင်းတာမျုားတယ်။” ဟု ဖားကန့် - မြစ်ကြီးနား အဌားယာဉ်   မောင်းနှင်နေသူ ကိုဇော်မျိုးလင်းက ပြောသည်။
 
ယခင် Van ကား တစ်စီးလျှင် ခရီးသည် (၄) ဦးတင်ဆောင်သောလည်း ယခုတွင်မူ ခရီးသည် (၇) ဦးထိ တင်ဆောင်နေကြောင်းကို လည်း ခရီးသည်များက ဆိုသည်။
 
“ကျွန်တော်တို့ ကားသမားတွေက ခရီးသည်တစ်ဦးနဲ့ ဖြစ်ဖြစ် တက်သွားတယ်။ ပြန်လာတော့ (၂) သိန်း ကျော်ကျန်ရင် ဆင်းလာကြပြီ။” ဟု ကိုဇော်မျိုးလင်းက ဆက်ပြောသည်။
 
မြန်မာအစိုးရမှ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများအား ဇွန်လ (၃) ရက်နေ့ နောက်ဆုံးထားကာ ရပ်ဆိုင်းရန် မေလ လယ်မှ အမိန့်ပေးလိုက်ပြီးနောက် ၎င်းမြို့နေ ပြောင်းရွှေ့အလုပ်သမားများ မိမိနေရပ်တို့ ထွက်ခွာသွားခြင်းဖြစ်သည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။