ပြင်ဦးလွင်မြို့ရှိ
အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံရာတွင် အလှူငွေကောက်ခံခြင်းမပြုစေရန်
လိုက်လံစောင့်ကြည့်လျက် ရှိကြောင်း မြို့နယ်လက်ထောက်ပညာရေးမှူးထံက
သိရှိရသည်။
“ကျွန်တော်တို့ဆီမှ
အဲ့ဒီလိုအလှူငွေကောက်တာမရှိပါဘူး၊ ကျွန်တော်တို့လိုက်စောင့်ကြည့်နေပါတယ်၊
တိုင် ကြားတဲ့လူရှိရင်လည်း ကျောင်းနာမည်တိတိကျကျပြောစေချင်ပါတယ်” ဟု
မြို့နယ်လက်ထောက်ပညာရေးမှူး ဦးသိန်းစိုးကပြောသည်။
၂၀၁၂-၂၀၁၃
ပညာရေးနှစ်တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများ၌
ကျောင်းအပ်လက်ခံရာတွင် အလှူငွေကောက် ခံခြင်း များမပြုရန်
ပညာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသော်လည်းပြင်ဦးလွင်မြို့တွင်
အလှူငွေကောက်ခံသော ကျောင်းများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။
ထိုကဲ့သို့ကျောင်းအပ်ရာတွင် အလှူငွေကောက်ခံသောကျောင်းမှာ ပြင်ဦးလွင်မြို့၊ မြို့ပတ်လမ်းရှိ အ.ထ.က.(၃)
အထက်တန်းကျောင်းဖြစ်သည်။
အထက်တန်းကျောင်းဖြစ်သည်။
“ကျွန်မတို့ ကလေး ဒီနှစ်ကျောင်းအပ်တာ ၆၅၀၀ ကုန်ပါတယ်၊ ကျောင်းသားအသစ်မို့လို့လားတော့မသိဘူး
သူတို့က အလှူငွေနဲ့ ကျောင်းလခလို့ပြောတာနဲ့ ပေးလိုက်တယ်။” ဟု ပြင်ဦးလွင်မြို့ရှိ ကျောင်းသားမိဘတစ်ဦး
ကပြောသည်။
သူတို့က အလှူငွေနဲ့ ကျောင်းလခလို့ပြောတာနဲ့ ပေးလိုက်တယ်။” ဟု ပြင်ဦးလွင်မြို့ရှိ ကျောင်းသားမိဘတစ်ဦး
ကပြောသည်။
ထိုကဲ့သို့ ကျောင်းအပ်ရာတွင် အလှူငွေကောက်ခံခြင်းခံရသော ကျောင်းသားမိဘများမှာ ဆယ်ဦးထက်မနည်း
ရှိကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
ရှိကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
အဆိုပါ
ပြင်ဦးလွင်မြို့ မြို့ပတ်လမ်းရှိ အ.ထ.က.(၃) အထက်တန်းကျောင်းအား
အလှူငွေကောက်ခံခြင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့အနေဖြင့်
အလှူငွေကောက်ခံခြင်းမရှိကြောင်း တယ်လီဖုန်းမှ တဆင့်ဖြေကြားခဲ့သည်။
ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင်
အခြေခံပညာကျောင်းများအား ကျောင်းအပ်လက်ခံရာတွင် အလှူ ငွေကောက်ခံခြင်းအား
တားမြစ်ထားသည့်အပြင် မူလတန်းအဆင့်ပညာရေးစနစ်အား အခမဲ့ပညာသင်ကြား
ရေးစနစ်သို့ သတ်မှတ်ထားပြီး၊ ကျောင်းသုံးသင်ရိုးညွှန်းတမ်းစာအုပ်များနှင့်
လေ့ကျင့်ခန်းစာအုပ် (၆)အုပ်အား ကျောင်းများသို့ အခမဲ့ပေးဝေထားပြီးဖြစ်သည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။