Tuesday, June 5, 2012

မန္တလေးမြို့သည် ငလျင်ပြင်းထန်ဇုန်အတွင်း ကျရောက်နေသဖြင့် ရေးဆွဲသော ငလျင်ဘေးအန္တရာယ် ခံရနိုင်ခြေပြ မြေပုံ ဇွန်လတွင် ထုတ်ပြန်မည်

7354
လူနေထူထပ်မှု များပြားသော မန္တလေးမြို့တွင်း တစ်နေရာအား တွေ့ရစဉ်
မြန်မာနိုင်ငံ ငလျင်ဇုန်များပြ မြေပုံအရ ငလျင်ပြင်းထန်ဇုန်အတွင်း ကျရောက်နေသော မန္တလေးမြို့၏ ငလျင်ဘေး အန္တရာယ်ခံရနိုင်ခြေပြ မြေပုံကို ဇွန်လတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မန္တလေးမြို့ဝန်းကျင်သည် စစ်ကိုင်းပြတ်ရွေ့ကြောတည့်တည့်တွင် တည်ရှိနေသောကြောင့် အခြားဒေသများထက် ငလျင်ဒဏ်သက်ရောက်မှု ပိုမိုခံရနိုင်ဖွယ် ရှိကြောင်း၊ ထို့ပြင် အယ်လပိုဒ်-ဟိမ၀န္တာ မြေငလျင်ကြောပေါ်၌ တည်ရှိနေပြီး ဘူမိအနေအထားအရလည်း
 စစ်ကိုင်းပြတ်ရွေ့တွင် ကျောရိုးသဖွယ် ဖြစ်နေသည့်အတွက် မြေငလျင်ဘေးအန္တရာယ် ရှိနေသော ဒေသဖြစ်ကြောင်းလည်း သိရှိရသည်။ “မန္တလေးမြို့ရဲ့ ငလျင်ဘေး အန္တရာယ်ခံရနိုင်ခြေပြ မြေပုံထုတ်ပြန်ဖို့အတွက် မေလကုန်မှာ အပြီးသတ် ဆောင်ရွက်ပြီး ဇွန်လထဲမှာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ ဒီမြေပုံကိုတော့ မိုးလေ၀သနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံမြေ ငလျင်ကော်မတီနဲ့ အာရှသဘာဝဘေး ကာကွယ်ရေးဌာန (ADPC)တို့ ပူးပေါင်း ရေးဆွဲကြတာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံမြေငလျင် ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
“စစ်ကိုင်းပြတ်ရွေ့ဟာ အချိန်မရွေး ငလျင်လှုပ်ခတ်နိုင်တဲ့ သက်ရှင် ပြတ်ရွေ့ကြီးပါ။ စစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်မှာလည်း မြို့ကြီးတွေ ချည်းပဲ။ ဒါကြောင့် မန္တလေးမြို့အတွက် ပြီးရင် တခြားမြို့ကြီးတွေရဲ့ ငလျင်ဘေးအန္တရာယ် ခံရနိုင်ခြေပြ မြေပုံတွေ ဆက်လက် ရေးဆွဲသွားမှာ ဖြစ်ပါတယ်”ဟုလည်း ငလျင်ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ငလျင်ဇုန်များပြ မြေပုံအရ ရန်ကုန်မြို့၏ ငလျင်ပြင်းထန်အားသည် မာကယ်လီစကေး အတန်းအစားမှာရှစ်ဖြစ်ပြီး မန္တလေး၏ ငလျင်ပြင်းထန်အားမှာ မာကယ်လီစကေးအတန်းအစားမှာ ကိုးဖြစ်ကြောင်းလည်း သိရှိရသည်။
အလားတူ မန္တလေးမြို့တွင် ငလျင်ဒဏ်ခံနိုင်သည့် အထပ်မြင့် အဆောက်အအုံကြီးများ ဆောက်လုပ်ရန်အတွက် သင့်လျော်သော မြေနေရာနှင့် ပုံစံတည်ဆောက်ရေး စည်းမျဉ်းတို့ကို ရေးဆွဲပြဋ္ဌာန်းသ

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။