Tuesday, June 5, 2012

ကချင်ငြိမ်းချမ်းရေးအတွက် လက်မှတ်ပေါင်း( ၆၇၆၇၆၇) ရရှိရန် GW ဆောင်ရွက်နေ

နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇)နှစ်မြောက်မွေးနေ့အား  ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေး အတွက် သဘောတူလက် မှတ်ရေး ထိုးရာတွင် ရန်ကုန်နှင့်အနီးတစ်ဝိုက်ရှိသည့်မြို့များမှ လူပေါင်း(၇) သောင်းကျော်၏ လက်မှတ်များရရှိပြီးဖြစ်ကြောင်း Generation Wave လူငယ်များအဖွဲ့မှ ဥက္ကဋ္ဌထံက သိရှိရသည်။



“လွန်ခဲ့တဲ့ ရက်တွေကထိတော့ လောလောဆယ် လက်မှတ်ပေါင်း(၇)သောင်းကျော်လောက်တော့ရသွားပြီ အဲ့ဒီလတ်မှတ်တွေက ရန်ကုန်နဲ့နီးတဲ့ ပဲခူးလိုနေရာမျိုးတွေကနေ တွက်ထားတာပါ၊ ကျန်တဲ့မြို့တွေကဟာတွေ တော့လိုက်ကောက်နေတုန်းပါပဲ။”ဟု Generation Wave ဥက္ကဋ္ဌ ကိုဝင်းထွဋ်က ပြောသည်။

အဆိုပါ လက်မှတ်များလိုက်လံကောက်ခံမှုအား မေလ(၂၅)ရက်နေ့မှ စတင်ကောက်ခံနေခြင်းဖြစ်ပြီး လက်မှတ် ပေါင်း (၆၇၆၇၆၇)ထိ ရ ရှိအောင် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ အဓိကရည်ရွယ်ထားတာကတော့ နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို ရည်ရွယ် တယ်။ ဇွန်လ(၁၉)ရက်နောက် ပိုင်းတွေမှာလည်း ဆက်လက် ကောက်ခံသွားမှာပါ။ ရရှိတဲ့ လက်မှတ်တွေနဲ့ ငြိမ်းချမ်းရေး တောင်းဆိုသွားမှာပါ။”ဟု ကိုဝင်းထွဋ်က ဆက်ပြောသည်။

ကောက်ခံရရှိသည့်လတ်မှတ်များကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ပေးပို့ကာငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုသွားမည်ဖြစ်ပြီး ဇွန်လ(၁၉)ရက်နောက်ပိုင်းတွင်လည်း ထမ်မံကောက်ခံမည် ဖြစ်ကာ လက်မှတ်ပေါင်း (၆၇၆၇၆၇)ထိ မပြည့်မခြင်း ကောက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

“Generation Wave အဖွဲ့က လုပ်တဲ့ဒီလက်မှတ်ရေးထိုးမှုကိုကြိုဆိုတယ်။ သူတို့ရဲ့ရည်ရွယ်ချက်လေးကလည်း ကောင်းပါတယ်။ကျွန်တော်ကလည်း ငြိမ်းချမ်းကိုလိုလားသူဖြစ်လို့ လတ်မှတ်ထိုးခဲ့တာပါ။ ကျွန်တော်လိုပဲနောက် လူတွေကို လက်မှတ်ထိုးခြင်းအားဖြင့် ငြိမ်းချမ်းရေးရဖို့အတွက် လက်မှတ် ထိုးစေချင်ပါတယ်။”ဟု ကြည့်မြင်တိုင် တွင် နေထိုင်သူ ကိုဖိုးခွားက ပြောသည်။

အဆိုပါ ငြိမ်းချမ်းရေးသဘောတူလက်မှတ်ရေးထိုးမှုကို Generation Wave အဖွဲ့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာများ ၊ ဈေးများ၊ အရောင်းစင်တာများတွင် လတ်မှတ်များ လိုက်လံကောက်ခံ နေကြောင်း သိရှိရသည်။

အဆိုပါ သဘောတူလက်မှတ်ရေးထိုးမှုသည် ကချင်ပြည်နယ် စစ်ဘေးသင့် ပြည်သူများငြိမ်းချမ်းရေးရရှိရန် အတွက် သဘောတူလက်မှတ်ရေးထိုးခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ကချင်ပြည်နယ်ရှိ စစ်ခေါင်းဆောင်များထံသို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေး ပေးရန်အတွက် နိုင်ငံ့လူဦးရေ၏ ၁၀%ဖြစ်သော  လက်မှတ် ( ၆၇၆၇၆၇ ) တင်ပြတောင်းဆိုလိုခြင်း ဖြစ်သည်။  


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။