Friday, March 8, 2013

မြန်မာပြည် အာဆီယံ ဥက္ကဌ ရာထူးနှင့် အဆင်ပြေရေး ဂျာမနီမှ ကူညီမည်


ရန်ကုန်(မဇ္ဈိမ)။    ။ ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဌ ရာထူးနှင့် မြန်မာပြည် အဆင်ပြေရေးအတွက် ဂျာမနီနိုင်ငံမှ ကူညီပေးမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အာဆီယံရေးရာ ညွှန်ကြားရေးမှူး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချူပ်က ပြောသည်။


ထိုသို့ အကူအညီပေးရာတွင် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများအား နိုင်ငံတကာ အဆင့်မှီစေရေး အတွက် ပေးမည်ဖြစ်ကြောင်း ဂျာမန်သံအမတ်နှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး တို့တွေ့ဆုံပွဲတွင် အဆိုပါ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောခဲ့သည်။

၎င်းက “ ဇူလိုင်လမှာ ဂျာမဏီ သံတမန်ရေးရာအကယ်ဒမီက ညီလာခံနဲ့ ပတ်သက်တဲ့ဟာတွေကို သွားတက်မှာပါ။ ဘရပ်ဆဲလ်မှာ အလုပ်သားသမဂ္ဂ ကိုသွားလေ့လာမယ်” ဟု ပြောခဲ့သည်။

ဂျာမဏီနိုင်ငံအပြင် အာဆီယံ အတွင်းရေးမှူးချူပ်ရုံးနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးရုံး တို့မှလည်း အကူအညီ ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဂျာမနီနိုင်ငံသည် မြန်မာနိုင်ငံသို့ အကူအညီများအား ၂၀၁၂ ခုနှစ် အောက်တိုဘာလမှ စ၍ မြန်မာနိုင်ငံသို့ အကူအညီများ ပြန်လည်ပေးခဲ့ပြီး ယခုအကူအညီသည် ဒေသဆိုင်ရာ ကူညီမှု တခုဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သိရသည်။

ယခုသွားရောက် သင်ကြားမည့် ဝန်ကြီးဌာနများမှာ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ပြန်ကြားရေး ၀န်ကြီးဌာနတို့ ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် အာဆီယံ ဥက္ကဌ နေရာယူရေးအတွက် ဗဟိုကော်မတီများ ဖွဲ့ပြီး ဆောင်ရွက်လျက်ရှိကြောင်း
နှင့် ယင်းကော်မတီက ယခုလောလောဆယ် အစည်းအဝေးကျင်းပမည့် ကော်မတီများ ဆောင်ရွက်နေပြီ
ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။