Friday, September 7, 2012

သုံးထောင်တန်နှင့်ငါးထောင်တန် ကြိုတင်ငွေဖြည့်ကဒ်များ ထွက်လာတော့မည်


ကြိုတင်ငွေဖြည့်က်များအားပြည်သူများ  အလွယ်တကူအသုံးပြုနိုင်ရန်အတွက် ကျပ်သုံးထောင်တန်နှင့် ကျပ်ငါးထောင်းတန် ကြိုတင်ငွေဖြည့်ကဒ်များ ထုတ်လုပ်ရန် စီစဉ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကသိရှိရသည်။

ပြည်တွင်အသုံးပြုနေသော ကြိုတင်ငွေဖြည့်က်များမှာ အနည်းဆုံး ကျပ်တစ်သောင်းတန်ကဒ်မှ အများဆုံး ကျပ်ငါးသောင်းအထိရှိပြီး အခြေခံလူတန်းစားများအနေဖြင့် ၀ယ်ယူသုံးစွဲရန် အခက်အခဲရှိ နေကြောင်းကိုလည်း သိရှိရသည်။

အခုက ငွေဖြည့်က်က တစ်သောင်းတန် အနည်းဆုံး ဖြစ်နေတယ်၊ ၀ယ်ယူသုံးစွဲသူတွေ အနေနဲ့ အခက်အခဲ ရှိမှာပါ၊ ကျပ်သုံးထောင် တန်နဲ့ ကျပ်ငါးတောင်တန် ကြိုတင်ငွေဖြည့်ကဒ် ထုတ်ပေးဖို့ အစီအစဉ်ရှိပါတယ်” ဟုမြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ  အကြီးအကဲတစ်ဦးက ပြောသည်။

လက်ရှိ ထုတ်လုပ်အသုံးပြုမည်ဖြစ်သော ကျပ်သုံးထောင်တန် ကြိုတင်ငွေဖြည့်ကဒ်နှင့် ကျပ်ငါးထောင်တန် က်များအား ထုတ်လုပ်အသုံးပြုနိုင်မည်ရက်ကို သတင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မိုဘိုင်ဖုန်းအသုံးပြုသူများအနေဖြင့်  ဈေးနှုန်းကျပ် သုံးထောင်မှ ကျပ်ငါးထောင်အတွင်း ၀ယ်ယူ အသုံးပြု နိုင်မည်ဟု ထွက်ပေါ်နေသည့် သတင်များကြောင့် မျှော်လင့်လျက်ရှိကြောင်း သိရှိရသည်။

ဒီလိုငွေဖြည့်ကဒ်တွေ ဈေးလျော့ချပေးတာ တကယ်ဖြစ်လာမယ်ဆိုရင်တော့ကောင်းတာပေါ့။ တစ်သောင်းတန်ဆိုရင် ချက်ချင်းလည်း ၀ယ်မဖြည့်နိုင်ဘူး။ သုံးထောင်၊ ငါးထောင်တန်ငွေဖြည့်က် တွေဖြစ်လာမယ်ဆိုရင် ချက်ချင်းဝယ်ဖြည့်လို့   လွယ်တယ်လေ” ဟု
ကမာရွတ်မြို့နယ်နေ ဖုန်းသုံးစွဲသူတစ်ဦးက ပြောသည်။

ယင်းအခက်အခဲများကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်သော ငွေဖြည့်က်များ ထုတ်လုပ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လက်ရှိတွင် အစီအစဉ်များချမှတ်ရေးဆွဲလျက်ရှိကြောင်း ကိုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။