Friday, September 7, 2012

လေကြောင်းနှင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ


လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ၄ ရက်နေ့၊ နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သည်။ တာဝန်ရှိသူများ၊ လေကြောင်းလိုင်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့၊ နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာနတွင် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာ့လေကြောင်း၊ မြန်မာ့သင်္ဘောကျင်း၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော လွှတ်တော်ကိုယ်စားလှယ်များ ဖိတ်ကြားထားသော အခြားပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြုလုပ်ခဲ့သည့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ရေကြောင်းပို့ဆောင်ရေးကဏ္ဍအသီးသီးမှ တာဝန်ရှိသူများက ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် စာတမ်းများအား အသီးသီး ဖတ်ကြားတင်ပြခဲ့ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။