Friday, September 7, 2012

လျှပ်စစ်မီတာခ အွန်လိုင်းမှ ပေးချေမှု စတော့မည်


လျှပ်စစ် မီတာခများကို အွန်လိုင်းမှ တဆင့် ပေးဆောင်နိုင်ရေး အတွက် ရတနာပုံ တယ်လီပို့၊ လျှပ်စစ်စွမ်း အားဝန်ကြီးဌာန၊ မြန်မာ့စီးပွားေ၇း ဘဏ်နှင့် ပြည်တွင်း ပုဂ္ဂလိက ဘဏ်တို့ ပူးပေါင်း အကောင် အထည်ဖော်ဆောင်ရွက်သွား မည်ဟု သိရှိရသည်။
Online Electricity Billing System သည် ယခင်အမှတ်၂လျှပ်စစ်ဝန်ကြီးဌာန ရုံးခွဲများ သို့လူကိုယ်တိုင်သွားရောက် တန်းစီပေးသွင်းရသည့် စနစ်ကို အဆင့်မြင့်တင်လိုက်သည့် e-government ဆိုင်ရာအွန်လိုင်းဝန်ဆောင်မှု တစ်ခုဖြစ်သည်။ အင်တာနက်ချိပ်ဆက်နိုင်သောမည်သည့်နေရာမှဖြစ်စေ အွန်လိုင်းစနစ် ဘဏ်များ ၊ငွေသွင်းကောင်တာ များနှင်ချိတ် ဆက်၍ ပေးသွင်းနိုင်ပြီး ၎င်းစနစ်နှင့် ပတ်သက်ပြီး စက်တင်ဘာလ ၆ရက်နေ့တွင် နေပြည်ေ တာ် အမှတ်၂ လျှပ်စစ်ဝန်ကြီး ဌာန၌ နေ့လည် တစ်နာရီ အချိန်မှ စတင်၍ ရတနာပုံ တယ်လီပို့က သက်ဆိုင်ရာသို့ ရှင်းလင်းဆွေးနွေးသွား မည်ဟုသိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။