မိုဘိုင်းဖုန်းများအင်တာနက်သုံးစွဲရာတွင် အခက်အခဲတစ်စုံတစ်ရာဖြစ်ပေါ်လာပါက မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ဖွင့်လှစ်ထားသော Mobile Care Center တွင် မေးမြန်းစုံစမ်းနိုင်ကြောင်း သိရှိရသည်။
အဆိုပါ
Mobile Care Center ကို ရွှေဂုံတိုင်ဆက်သွယ်ရေးရုံး၊ ရန်ကုန်တွင်
ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ၎င်းနေရာသို့
လူကိုယ်တိုင်လာရောက်မေးမြန်းနိုင်သည့်းအပြင်၊ ဖုန်းနံပါတ်-၀၁-၅၅၅၉၉၉သို့
ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရှိရသည်။
အဆိုပါစင်တာတွင် ဖုန်းအင်တာနက်အသုံးပြုမှု Activate
ပြုလုပ်ခြင်း Android ဖုန်းများ အင်တာနက် အသုံးပြုရာတွင် လုပ်ဆောင်ရသည့်
ဆောင်ရွက်ချက်များ အစရှိသည်တို့ဖြင့် မေးမြန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
“မိုင်ဘိုင်းဖုန်တွေ
အင်တာနက်လျှောက်ထားရမှာ အခက်အခဲရှိတယ်ဆိုတာက သုံးစွဲသူနဲ့လည်းဆိုင်
တယ်၊ပြီးတော့ Hand set နဲ့လည်း ဆိုင်တယ်၊အသုံးပြုတဲ့လူကလည်း နားမလည် Mobile Call
Centre တွေကိုလည်း မမေးတော့  အန်တာနက်လျှောက်ပြီး
သုံးလိုမရဘူးဆိုပြီးပြောတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှအင်ဂျင်နီယာ
ဦးသိန်းဝင်းက ပြောသည်၊
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
မိုဘိုင်းဖုန်းများ၌ အင်တာနက်အသုံးပြုလျှောက်ထားခြင်းကို GSM ဖုန်း၊ WCDMA
ဖုန်းများအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။
“အင်တာနက်ကို
သွားလျှောက်ပြီး နောက်သုံးရက်လောက်နေမှ သုံးလိုရတာတွေရှိတယ်၊ အင်တာနက်
လိုင်းကတော့ကောင်း ပါတယ်၊ နားမလည်တဲ့သူတွေကတော့ အင်တာနက်လျှောက်ပြီး
အသုံးမပြုတက် ကြဘူး ခုလို Mobile Care Centre တွေကို မေးလိုရပြီ ဆိုတော့
ကောင်းတာပေါ့ ” ဟု မိုဘိုင်းဖုန်း အသုံးပြုသူ ကိုသက်ကိုကိုမြင့်ကပြောသည်။
ရန်ကုန်မြို့နယ်တွင်
အင်တာနက်စနစ်လျှောက်ထားခြင်းအား ပန်းဆိုးတန်းဆက်သွယ်ရေးရုံး၊
အလုံဆက်သွယ်ရေးရုံး၊ ရွှေဂုံတိုင်ဆက်သွယ်ရေးရုံး၊ ရန်ကုန်စာတိုက်ကြီးနှင့်
Elite Tech ကုမ္ပဏီမှ သတ်မှတ်ထားသောနေရာများ၊ ရတနာပုံ ကုမ္ပဏီလီမိတက်မှ
သတ်မှတ်ထားသောနေရာများတွင် ငွေကျပ် တစ်သောင်းနှုန်းဖြင့်
လျှောက်ထားနိုင်ကြောင်း သိရသည်။
CDMA
800 MHz ဖုန်းများအတွက် အင်တာနက်စနစ်ကိုလည်း မကြာခင်
ဆောင်ရွက်ပေးသွားမည်ဟု သိရှိရပြီး လက်ရှိ အင်တာနက် အသုံးပြုနိုင်သော
ဖုန်းများအတွက် အသုံးပြုခ ကျသင့်ငွေမှာ တစ်မိနစ်လျှင် (၂)ကျပ်ဖြစ်သည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။