Monday, 11 June 2012
စစ်တွေမြို့ မောလိပ်ရပ်ကွက် ဗလီကြီးတွင်
ဘင်္ဂလီမူဆလင်များသည် လွန်ခဲ့သော သောကြာနေ့မှ ဘုရားဝတ်တက်ရန်
ဗလီကြီးအတွင်းသို့ ၀င်ရောက်ပြီးကတည်းက ပြန်ထွက်လာခြင်းမရှိဘဲ ဗလီထဲတွင်လည်း
လက်နက်များ ရှိနေကြောင်း တပ်မတော်မှ သတင်းရရှိသည်။
“စစ်တွေ မောလိပ်ရပ်ကွက်မှာရှိတဲ့
ဗလီကြီးထဲကို ဘင်္ဂလီမူဆလင်တွေ ရှေ့အပတ်သောကြာနေ့ကတည်းက
ဝတ်တက်ဖို့ဝင်သွားကြတာ ခုထိ ပြန်ထွက်လာခြင်းမရှိတာရယ်၊ အဲဒီဗလီထဲမှာ
လက်နက်နဲ့ လူအင်အားတော်တော်များများ ရှိနေတယ်လို့ အခုစစ်တပ်ကသတင်းရလို့
အဲဒီဗလီကို စစ်သားတွေနဲ့ လုံထိန်းတွေပေါင်းပြီး ၀ိုင်းထားကြတယ်”ဟု
စစ်တွေဒေသခံတစ်ဦးဖြစ်တဲ့ ကိုကျော်မိုးမြင့်က ပြောပြသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။