Tuesday, June 12, 2012

(11) ရက်နေ့ စစ်တွေမြို့ နောက်ဆုံးရ သတင်းများ

Rakhing_02


ရခိုင်တဦးသေပြီး ဘုန်းကြီးကျောင်းများ အရှို့ခံရ
စစ်တွေမြို့ ဓည၀တီ (၈) ရပ်ကွက်တွင် လုံထိန်းနှင့် လက်နက်ကိုင် ဘင်္ဂါလီများအကြား အပြန်အလှန် ပစ်ခတ်မှုများ ယခု မွန်းလွဲပိုင်း အချိန်၌ ဖြစ်ပွားခဲ့သည်ဟု စစ်တွေမြို့ခံကပြောပါသည်။ ယင်း ပစ်ခတ်မှုများအတွင်း မူဆလင် သင်္ချိုင်းအနီးတွင် အသက် (၂၂) နှစ်ရွယ် ရခိုင်အရပ်သားတဦး ဒဏ်ရာဖြင့် သေဆုံးသွားသည်ဟုမြို့ခံက ပြောပါသည်။

စစ်တွေမြို့ ရှိ စန္ဒလောက၊ ဇေယျမင်္ဂလာနှင့် ရတနာ့ဗိမာန် ဘုန်းတော်ကြီးကျောင်းတို့ ယနေ့ နေ့လည်ပိုင်း၌ မီးရှို့ခံထားရ ကြောင်း သိရပါသည်။ စစ်တွေမြို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင် အလုံအလောက် မရှိသဖြင့် နေအိမ်များ အချိန်မရွေး မီးတင် ရှို့ခံရနိုင်ဖွယ်ရှိပြီး အသက်အန္တရာယ်များနှင့်လည်း ရင်ဆိုင်ရနိုင်ဖွယ် ရှိသည်ဟု စစ်တွေမြို့ခံများက ပြောပါသည်။
အကြမ်းဖက်မှု လှုပ်ဆော်သူကို ဖမ်းမိ
အခုဖြစ်ပေါ်နေသော အကြမ်းဖက်မှု ပြသနာများကို လှုပ်ဆော်ဖန်တီးသည့် အဓိက ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ ထွန်းအောင် (ဘင်္ဂလီလူမျိုး)ကို မောင်တောမြို့ UNHCR ရုံးအတွင်းမှ ဖမ်းမိခဲ့ပြီး နယ်စပ် ကွပ်ကဲရေး (နစက) တပ်ဖွဲ့ ၀င် များက ခေါ်ဆောင်သွားကြကြောင်း သတင်းရရှိသည်။ ထို့အတူ မောင်တောမှ ရန်ကုန်သို့ ပြန်လာမည့် ကုလသမဂ္ဂအ ဖွဲ့အစည်း ၀န်ထမ်းတဦးဖြစ်သူ ဒေါ်မြနန္ဒာအောင်ဆိုသူကို မောင်တောမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေနဲ့ ဆက်စပ်မှု ရှိ တယ်လို့ သံသယ ရှိတာကြောင့် ရန်ကုန်သို့သွားမယ့် လေယာဉ်ပေါ် မတက်ရောက်မီ စစ်တွေလေဆိပ်မှာ ရဲတပ်ဖွဲ့က ထိန်းသိမ်း စစ်ဆေးနေသည်ဟု သက်ဆိုင်ထံမှကြားသိရှိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။