လွန်ခဲ့တဲ့ ၃ နှစ်ကျော် ရက်အတိ အကျဆိုရင် ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၇
ရက်နေ့က အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက်ဖက် အကျဆုံး ကမ်းလွန်
ရေပိုင်နက်ထဲမှာ စက်လှေတစီး နစ်မြှုပ်သွားတော့မယ်လို့ သတင်းရတာကြောင့်
အင်ဒိုနီးရှား ရေတပ်က သွားရောက်ကယ်ဆယ်ပြီး ကမ်းခြေကို ပို့ပေးခဲ့ပါတယ်။
စက်လှေပေါ်မှာ ယောက်ျားချည်း ၁၉၃ ဦး ရှိနေပြီး ၁၇ ဦးက လွဲလို့
ကျန်တဲ့သူအားလုံး ရိုဟင်ဂျာတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ
အင်ဒိုနီးရှားကမ်းခြေမှာ လဲလျောင်းနေကြတာကို ဓါတ်ပုံထဲမှာ
တွေ့မြင်နိုင်ပါတယ်။ ရိုဟင်ဂျာတွေဟာ အင်ဒီုနီးရှား နိုင်ငံသား မဟုတ်တာ
နိုင်ငံတကာက သိကြပါတယ်။
Showing posts with label ရွှေဟင်္သာသတင်း. Show all posts
Showing posts with label ရွှေဟင်္သာသတင်း. Show all posts
Thursday, June 14, 2012
ဇွန် (၁၃) ရက်နေ့ နံနက် ရခိုင်ပြည်နယ် အခြေအနေ
မီးလောင် ဆုံးရှုံး ခဲ့ကြောင်း၊ လူ (၂၁) ဦး သေဆုံးပြီး၊ (၂၁) ဦး ဒါဏ်ရာ ရရှိခဲ့ကြောင်း၊ ဆိုင်ကယ် (၁၈) စီး၊ ဆိုင်ခန်း(၆) ခန်း၊ ထော်လာဂျီ သုံးစီး၊ စက်ဘီး (၉) စီး၊ ပျက်စီး ခဲ့ကြောင်း၊ ပြန်ကြားရေး ၀န်ကြီး ဌာန၏ ၀က်ဆိုဒ်၌ ဖေါ်ပြခဲ့ပါသည်။
မြန်မာ ဘောလုံး အဖွဲ့ချုပ်မှ ရခိုင် ဒုက္ခသည်များ အတွက် သိန်း (၅) ထောင်ကျော် လှူဒါန်း

ရခိုင်ပြည်ရှိ အခက်အခဲ ကြုံတွေ့နေရသော ဒေသခံ ပြည်သူများ အတွက် အလှူငွေ ကျပ် ၅၀၀၉ သိန်းနှင့် လူ ၃၀၀၀ အတွက် တစ်ကိုယ်ရေ သုံးပစ္စည်း (စောင်၊ ခေါင်းအုံး၊ အ၀တ်အစား တစ်စုံ…စသည်) များကို မြန်မာနေရှင်နယ်လိဂ် ဘော်လုံး အသင်းပိုင် ရှင်များမှ စုပေါင်းပြီး လှူဒါန်း ခဲ့ကြောင်း၊ ပြည်နယ် ၀န်ကြီး ချုပ်ရုံးမှ သိရပါသည်။
Tuesday, June 12, 2012
(11) ရက်နေ့ စစ်တွေမြို့ နောက်ဆုံးရ သတင်းများ
ရခိုင်တဦးသေပြီး ဘုန်းကြီးကျောင်းများ အရှို့ခံရ
စစ်တွေမြို့ ဓည၀တီ (၈) ရပ်ကွက်တွင် လုံထိန်းနှင့် လက်နက်ကိုင် ဘင်္ဂါလီများအကြား အပြန်အလှန် ပစ်ခတ်မှုများ ယခု မွန်းလွဲပိုင်း အချိန်၌ ဖြစ်ပွားခဲ့သည်ဟု စစ်တွေမြို့ခံကပြောပါသည်။ ယင်း ပစ်ခတ်မှုများအတွင်း မူဆလင် သင်္ချိုင်းအနီးတွင် အသက် (၂၂) နှစ်ရွယ် ရခိုင်အရပ်သားတဦး ဒဏ်ရာဖြင့် သေဆုံးသွားသည်ဟုမြို့ခံက ပြောပါသည်။
Sunday, June 10, 2012
ဒုတိယသမ္မတ မောင်တောသို့ရောက်ရှိ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွါးနေသော အခြေအနေများကို ဖြေရှင်းပေးရန် နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မောင်တောမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား တိုးတက် ရေး ပါတီနှင့် ရခိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက ပြောကြားပါသည်။
Subscribe to:
Posts (Atom)