Thursday, June 14, 2012

ဇွန် (၁၃) ရက်နေ့ နံနက် ရခိုင်ပြည်နယ် အခြေအနေ

R_18ဇွန်လ (၈) ရက်နေ့ မှ (၁၁) ရက် အတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အကြမ်းဖက် မှုကြောင့် လူနေအိမ်ခြေ (၁၆၆၂)လုံး၊
မီးလောင် ဆုံးရှုံး ခဲ့ကြောင်း၊ လူ (၂၁) ဦး သေဆုံးပြီး၊ (၂၁) ဦး ဒါဏ်ရာ ရရှိခဲ့ကြောင်း၊ ဆိုင်ကယ် (၁၈) စီး၊ ဆိုင်ခန်း(၆) ခန်း၊ ထော်လာဂျီ သုံးစီး၊ စက်ဘီး (၉) စီး၊ ပျက်စီး ခဲ့ကြောင်း၊ ပြန်ကြားရေး ၀န်ကြီး ဌာန၏ ၀က်ဆိုဒ်၌ ဖေါ်ပြခဲ့ပါသည်။
ယမန်နေ့ ညနေရီ (၅) နာရီခန့် အထိ၊ စစ်တွေမြို့ အရှေ့ဖက်ရှိ ပေါက်တောမြို့ ရပ်ကွက် (၃) တွင်၊ ရခိုင် တိုင်းရင်းသား များနှင့် ဘင်္ဂါလီများ ထိပ်တိုက် တွေ့မှုဖြစ်ခဲ့သည်။ ဘင်္ဂါလီများသည် မီးရှို့ရန် ကြိုးစားသဖြင့် ရခိုင် တိုင်းရင်းသားများက ခုခံကာ ကွယ်ရာမှ ထိုသို့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်တွင် အနည်းဆုံး လူ ၄ ဦးခန့် သေဆုံးကြောင်း မျက်မြင်များက ဆိုပါသည်။
ယမန်နေ့က ဘင်္ဂါလီများအတွက် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်းသို့ အမျိုးသမီး များနှင့် ကလေးငယ်များ ထပ်မံ ရောက်ရှိခဲ့ကြောင်း ကြားသိရပါသည်။ သို့သော် ဘင်္ဂါလီ အမျိုးသားများမှာမူ မူလက ၄င်းတို့နေထိုင်ရာ အရပ်၌ပင် ရှိနေဆဲဖြစ်ကြောင်း စစ်တွေဒေသခံများက ပြောပါသည်။
R_25စစ်တွေမြို့၏ အနောက်ဘက် ၅ မိုင်ခန့် အကွာတွင် ရှိသော အောင်ဒိုင်ရွာကို ယမန်နေ့ညက ဘင်္ဂါလီများ ချဉ်းကပ် လာသဖြင့် လုံထိန်းနှင့် စစ်တပ်များ သွားရောက် ဟန့်တား ခဲ့ရပါသည်။
ယနေ့နံနက် ၄ နာရီခန့်အချိန်တွင် ကသဲရွာကို မီးရှို့ရန် ချဉ်းကပ်လာသော ဘင်္ဂါလီ ၂ ဦးကို ရခိုင်တိုင်းရင်းသားများက ဖမ်း ဆီးခဲ့ပါသည်။ အလားတူစစ်တွေမြို့ကမ်းနားလမ်းရှိ မိဇံရပ်ကွက်အတွင်း မီးလောင်မှုအနည်းငယ် ဖြစ်ပွားခဲ့ပြီး အဆိုပါ မီး လောင်မှုမှာ ၀ါယာရှော့ခ်ကြောင့် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံကဆိုပါသည်။
Rakhing
အကြမ်းဖက်ခံရသူတဦး
ယနေ့ နံနက်ပိုင်းတွင် UN မှ ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့ စစ်တွေမြို့သို့ ရောက်ရှိ လာပါသည်။ လတ်တလော အချိန်၌ စစ် တွေမြို့တွင် မိုးရွာသွန်းမှုများ ရှိနေသဖြင့် မီးရှို့ထွက်ပြေးမှုများ လျော့နည်း လာလိမ့်မည်ဟု ယူဆနေကြပါသည်။
ရခိုင်ပြည်နယ်၏ အကြမ်းဖက်လှုပ်ရှားမှုသည် တဖြည်းဖြည်း တည်ငြိမ်လာနေသည်ဟု စစ်တွေဒေသခံများက ခန့်မှန်းကြပါ သည်။ အစိုးရသည်၊ အကြမ်းဖက်ခေါင်းဆောင်ဟု ယူဆသူများကို ဖမ်းဆီးခဲ့ပြီး၊ ရခိုင်ပြည်နယ် တောင်ဂုတ် လူသတ်မှုကို စုံစမ်းရေး ကော်မီရှင် ဖွဲ့စီးပြီး ဆောင်ရွက်နေပါသည်။ ဤဇွန်လကုန်၌ အစီရင်ခံစာ ထုတ်ပြန်မည်ဖြစ်ပြီး၊  အယ်ကိုင်ဒါး အဖွဲ့နှင့် ဆက်စပ်မှု ရှိမရှိ သိလာရတော့မည်ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။