Thursday, June 14, 2012

ဒေသတွင်းစစ်ပွဲများကြောင့် နှစ်လအတွင်း ကချင်စစ်ဘေးသင့်ဒုက္ခသည်ဦးရေ နှစ်သောင်းကျော် တိုးလာ

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့် ကချင်ပြည်နယ်ရှိ စစ်ဘေးသင့်ဒုက္ခသည် ဦးရေမှာ နှစ်လအတွင်း လူဦးရေ နှစ်သောင်းကျော် တိုးပွားလာကြောင်း အကူညီပေးရေးအဖွဲ့များထံက သိရှိရသည်။

 
ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းက ကချင်ပြည်နယ်တွင် စစ်ပြေးဒုက္ခသည် (၆)သောင်းကျော်ခဲ့ရာမှ ယခု လူဦ ရေ(၈)သောင်းကျော်အထိ တိုးပွားလာခြင်းဖြစ်သည်။
 
“အရင်က ဘယ်လောက်ရှိသလဲဆိုတော့ ဘယ်လိုပြောရမှန်းတောင်မသိဘူး။ ၂၀၁၂ခုနှစ် ဇွန်လဆန်း အထိ စာရင်းအရတော့ (၈)သောင်း၊ (၈)ထောင်ရှိနေတယ်။”ဟု  ကချင်စစ်ဘေး ဒုက္ခသည်များအား အကူအညီ ပေးနေသူ မခွန်ဂျာက ပြောသည်။
 
ဗန်မော်မြို့နယ်ရှိ ရောဘက်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင်းရှိ စစ်ပြေးဒုက္ခသည် (၂၇၁၃)ဦး ရှိနေပြီး ၎င်းမြို့နယ်တစ်ခုလုံးတွင် ဒုက္ခသည် (၂)သောင်းကျော်ခန့် ရှိနေပြီဖြစ်သည်။
 
မိုးမောက်မြို့နယ် နှစ်ခြင်းခရစ်ယာန် ကျောင်ဝင်းတွင်မူ(၁) ထောင်ကျော် လာရောက် ခိုလှုံနေထိုင် ကြောင်း ၎င်းစခန်းက တာဝန်ရှိသူ ဆရာနော်အောင်က ပြောသည်။
 
“ဒုက္ခသည် အရမ်းများလာတာကြောင့် ကျွန်တော်တို့ အဆောင်အသစ် ပြန်ဆောက်နေရပါတယ်။ ကပ်သလိတ် ဘုရားကျောင်း ကလည်း အဆောင်သစ် ထပ်ဆောက်နေပြီ။ ဒုက္ခသည် များလာလို့လေ။” ဟု ဆရာနော်အောင်က ပြောသည်။   မြစ်ကြီးနား၊ ၀ိုင်းမော်မြို့နယ်တွင်းရှိ ဒုက္ခသည်စခန်းများတွင် ၎င်းတို့နေထိုင်ရန် အဆောင်များ ထပ်မံ တည်ဆောက်နေ ရခြင်း ဖြစ်သည်။
 
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဘက်က ပြုစုထားသော စာရင်းများအရ  ၂၀၁၂ခုနှစ် ဧပြီလအထိကချင်ပြည်နယ် တွင် စစ်ဘေးကြောင့် ပုန်းရှောင်နေရေသော ဒုက္ခသည်ပေါင်း ခုနှစ်သောင်းဝန်းကျင်ရှိနေကြောင်းကိုလည်း သိရှိ ရသည်။
 
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ကေအိုင်အိုနှင့် မြန်မာအစိုးရတပ်ဖွဲ့များ စစ်ပွဲဖြစ်ပွားနေခြင်းသည် ဇွန်လ (၉)ရက် နေ့တွင် တစ်နှစ် တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။
 
တစ်နှစ်ပြည့်အခမ်းအနားဖြင့် ငြိမ်းချမ်းစွာဆန္ဒပြခြင်းများကိုလည်း ကချင်တိုင်းရင်းသားများ   ရောက်ရှိ နေသော   ပြည်တွင်း ၊ ပြည်ပ နိုင်ငံအသီးသီးတွင် ကျင်းပပြုကျင်းပခဲ့ကြောင်း သိရှိရသည်။
 
 ယခုအချိန်တွင် စစ်ပြေးများပြားလာခြင်းနှင့်အညီ ဒုက္ခသည်များအတွက်  အကူညီများစွာလိုအပ်လျက် ရှိ ကြောင်း အဖြူရောင် တွဲလက်အဖွဲ့မှ ကိုဘိုဘိုကဆိုသည်။
 
အဆိုပါ စစ်ဘေးသင့်ဒုက္ခသည်များအတွက် လတ်မှတ်ရေးထိုးတောင်းဆိုမှုများ ကချင်လူငယ်များအဖွဲ့မှငြိမ်းချမ်းရေး သီချင်း သီဆို မှုများနှင့် ၎င်းတို့ကိုကူညီရန် လူမှုရေးအဖွဲ့အစည်းများမှ ရန်ပုံငွေရှာဖွေကာ ကူညီ ပေးလျက်ရှိကြောင်းနှင့် ပြည်တွင်းပြည်ပ လူမှုရေး အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များကလည်း ကချင်ဒုက္ခသည်များအတွက် နည်းမျိုးစုံဖြင့် အလှူငွေရှာဖွေပေး လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။