Thursday, June 14, 2012

အတန်းပညာမရှိသော ကျေးလက်နေအမျိုးသမီးကြီးများ နိုင်ငံခြားပညာသင်လျှောက်ထားနိုင်

မြန်မာနိုင်ငံရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ကာ ဆိုလာ နည်းပညာဆိုင်ရာ ပညာရပ်များအား အိန္ဒိယနိုင်ငံ Barefoot Universityသို့ သွားရောက်လေ့လာနိုင်ရန် ပြည်တွင်းရှိ အတန်းပညာမရှိသော ကျေးလက်နေ အမျိုးသမီးကြီးများ   လျှောက် ထားနိုင်ကြောင်း အဆိုပါအစီအစဉ်အား တာဝန်ယူဆောင်ရွက် ပေးနေသော CDCEအဖွဲ့က သိရှိရသည်။
 
 
 
ဝေးလံခေါင်သီသောနေရာဒေသများရှိ ကျေးရွာများမှ ကျေးရွာတွင်းလုပ်ငန်းများအား ဦးဆောင်နိုင်စွမ်းရှိသူ၊ စိတ်ဓါတ်ခိုင်မာ၍ ဆုံးဖြတ် ချက်ချနိုင်သူ အသက် ၃၅ နှစ် မှ ၅၀ နှစ်အရွယ် မြန်မာအမျိုးသမီးများကြီးများအား ဦးစားပေးသင်ကြားပေးမည်ဖြစ်ကြောင်း CDCE ကျောင်းသားဟောင်းများကွန်ယက်က သိရှိရသည်။ မနွယ်နွယ်အေး ကပြောသည်။
 
 
“ကျေးလက်ဒေသတွေမှာနေတဲ့ အမျိုးသမီးတွေဟာ အသက်ကြီးလာတဲ့အထိ မိရိုးဖလာလုပ်ငန်း တစ်ခုက လွဲရင် ဘာမှ မလုပ် တတ်ကြဘူး။ ကိုယ့်ရပ်ရွာကို ဖွံ့ဖြိုးတိုးတက်အောင်လည်း မလုပ်နိုင်ကြဘူး။ ကျွန်မတို့နိုင်ငံ   ပြန်လည်တည်ဆောက်ရေး မှာ ကျေး လက်ဒေသ  ကလည်း အရေးကြီးပါတယ်။ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်တဲ့ ဒီအစီအစဉ်မျိုးတွေ ကိုကြိုဆိုရမှာပါ။” ဟု CDCE ကျောင်းသားဟောင်းများကွန်ယက်မှ အမှုဆောင် မနွယ်နွယ်အေးက ပြောသည်။
 
 
လျှောက်ထားလိုသူများအတွက် လိုအပ်သော အရည်အချင်းသတ်မှတ်ချက်များထားရှိမည်ဖြစ်ပြီး အဓိက အချက်များမှာ လျှပ်စစ်မီး  မရရှိသေးသောနေရာဒေသတွင် နေထိုင်သူ၊ ဆက်သွယ်ရေးခက်ခဲသော ကျေးလက် ဒေသတွင်နေထိုင်သူဖြစ်ရမည် ဆိုသည့်အချက်  များအပြင် သားသမီး၊မြေးရှိသူဖြစ်ရမည်ဟူသော အချက်များ ပါဝင်ကြောင်းကိုလည်း သိရှိရသည်။
 

သတ်မှတ်ထားသော အရည်အချင်းများနှင့် အနီးစပ်ဆုံးတူညီသူ(၂၀) ဦးအား CDCE ကျောင်းသားဟောင်းများ ကွန်ယက်က   ရွေးချယ်ပေး မည်ဖြစ်ပြီး ထိုအထဲမှပညာသင်ခွင့် ရရှိမည့်သူ (၂) ဦးအား အိန္ဒိယနိုင်ငံ Barefoot University မှ ပညာရှင်များ ကိုယ်တိုင်လာရောက် ရွေးချယ်မည် ဖြစ်သည်။
 
တတ်ရောက်ခွင့်ရရှိသူသည် ကိုယ့်ရပ်ရွာမီးလင်းရေးအတွက် ဆိုလာစနစ်ဟု လူသိများသော နေရောင်ခြည် စွမ်းအင်သုံး စနစ်အား သင်ကြားခွင့်ရရှိမည်ဖြစ်ပြီး သင်တန်းကာလ (၆)လ ကြာမြင့်မည်ဖြစ်သည်။
 
 
Barefoot University အား ၁၉၇၂ ခုနှစ်မှစတင်တည်ထောင်ခဲ့ပြီး ဒေသတွင်း ကျေးလက်နေ အမျိုးသမီးများအားမိမိနေထိုင်ရာကျေးလက်ဒေသ    ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်အတွက် နေစွမ်း အင်သုံးမီးပေးစနစ်၊ ရေအရင်းအမြစ်၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုများအပြင် ကျေးလက် ဒေသများရှိ မိရိုးဖလာလက်မှုပညာ ထိန်းသိမ်းရေးလုပ်ငန်းများကိုပါ သင်ကြားပေးနေသော အကျိုး အမြတ်မယူသော ပညာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။