Thursday, June 14, 2012

ဆင်ဆာ ပိတ်ခံ ရုပ်ရှင်ကားတွေ ပြန်လည် ခွင့်ပြု


ဆင်ဆာ ပိတ်ခံ ရုပ်ရှင်ကားတွေ ပြန်လည် ခွင့်ပြု
ပြန်ကြားရေး ဝန်ကြီးဌာနကနေ ၂၀၁၀၊ ၂၀၁၂ ခုနှစ် အတွင်းမှာ ဆင်ဆာ ပိတ်ခံထားတဲ့ ရုပ်ရှင်ကားတွေကို ပြန်လည် ထုတ်လုပ်ခွင့် ပြုတော့မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်
အစည်းအရုံးမှ ဦးဇင်ဝိုင်း ဦးဆောင်တဲ့ အဖွဲ့က ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းကို အရင်က ဆင်ဆာပိတ် ခံထားရတဲ့ ရုပ်ရှင်ကားတွေ ပြန်လည် ခွင့်ပြုပေးဖို့ တင်ပြ အပြီး အခုလို
ပြန်လည် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပိတ်ထားခံရတဲ့ ကားတွေကို ပြန်လည် စီစစ်ပြီးမှ ခွင့်ပြုမှာဖြစ်သလို လိုအပ်တဲ့ အခန်းတွေကို ပြန်လည် ရိုက်ကူးပေးရမယ်လို့
သိရပါတယ်။ တဆက်တည်းမှာလည်း အရင်က ဆင်ဆာ ပိတ်ထားခံရတဲ့ ရုပ်ရှင်မင်းသား ဦးကျော်သူကို ရုပ်ရှင် ရိုက်ခွင့် ရှိမရှိနဲ့ ပတ်သက်လို့လည်း ပြန်ကြားရေး ဝန်ကြီးဌာကို မေးမြန်း
ခဲ့တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ပြန်ကြားရေးမှူး ဦးဝင်းရွှေက ရှင်းပြ ပြောဆို သွားခဲ့ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။