Thursday, June 14, 2012

ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်၏ အထူး ကိုယ်စားလှယ် ရခိုင်ကို ရောက်ရှိ

PSDG
ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဗီဂျေနမ်ဘီယားသည်၊ အကြမ်း ဖက်မှုဖြစ်ပွားနေသော ရခိုင်ပြည်နယ်သို့ ယနေ့ ရောက်ရှိနေသည်ဟု ရန်ကုန်မြို့ရှိ ကုလ သမဂ္ဂရုံးမှ ပြောပါသည်။ သူသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အကူအညီ ပေးရေး အဖွဲ့(Peace Donor Support Group- PDSG) အတွက် သမ္မတဦးသိန်းစိန်
ဦးဆောင်သော ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုအဖွဲ့နှင့် ယမန်နေ့က တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု ကုလသမဂ္ဂရုံးမှ ဦးအေးဝင်းက ဆိုပါသည်။

ဗီဂျေနမ်ဘီးယားသည်  ယမန်နေ့က သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံပြီး ယနေ့ ရခိုင်ကို ရောက်ရှိလာခြင်း ဖြစ် ပါသည်။ သူသည် ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကို သွားရောက် လေ့လာနေခြင်း ဖြစ်ပြီး လိုအပ်ပါက ငြိမ်းချမ်းရေး အတွက် အကူအညီ ပေးရန်ဖြစ်ပါသည်။
PDSG အဖွဲ့တွင် ကုလ သမဂ္ဂ ၀န်ထမ်းအပြင် နော်ဝေး၊ သြစတြေးလျ၊ ဗြိတိန်၊ ကမ္ဘာ့ဘဏ်နှင့် ဥရောပ သမဂ္ဂတို့မှ ကိုယ်စား လှယ်များ ပါဝင်ပါသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့သည်၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ အပါဝင် အဖွဲ့(၁၁)ဖွဲ့နှင့် ငြိမ်း ချမ်းရေး ဆွေးနွေးလျှက် ရှိပါသည်။ ဤအထဲ၌ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့တခုသာလျှင် အပစ်အခတ် ရပ်စဲရေး မပြေလည် သေးသော်လည်း ပြေလည်ရန် ဆွေးနွေးတော့မည်ဟု ကုလသမဂ္ဂ ငြိမ်းချမ်းရေး အဖွဲ့ဖက်က လိုလားဟန် ရှိနေပါသည်။
ဤ PDSG အဖွဲ့သည်၊ ငြိမ်းချမ်းရေး ကိစ္စအပြင်၊ ကမ္ဘာ့ဘဏ် အကြွေး ဆပ်ရေး၊ အတိုးနှုန်း သက်သာစွာနှင့် တနှစ်လျှင် အမေရိကန်ဒေါ်လာသန်း (၃၀၀)ချေးနိုင်ရန် ဆွေးနွေးခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာတွင် ဖေါ်ပြထားပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။