Thursday, June 14, 2012

 ဟံသာဝတီ လေယာဉ်ကွင်း စီမံကိန်းနှင့် စက်မှုဇုန်များ အကောင်အထည်ဖော်မည့် သတင်းများကြောင့် ပဲခူးမြို့တွင် မြေကွက်များ အ၀ယ်လိုက်နေပြီး အမှန်တကယ် ရှိသင့်သည့် နှုန်းထားတန်ဖိုးထက် ကျော်လွန်၍ အရောင်းအ၀ယ်များ ဖြစ်ပေါ်နေ



5114
ဟံသာဝတီ လေယာဉ်ကွင်း စီမံကိန်း လုပ်ဆောင်ရန် ယခင်က ဖောက်လုပ်ထားသည့် ပြေးလမ်းမြေနေရာကို တွေ့ရစဉ်
ပဲခူးမြို့၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းစီမံကိန်းကို ပြန်လည် အကောင်အထည် ဖော်မည့်သတင်းနှင့်အတူ စက်မှုဇုန်များ အကောင်အထည်ဖော်မည့် သတင်းများကြောင့် ပဲခူးမြို့တွင် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံလိုသူများက မြေကွက်များ ဆင်း၍၀ယ်လျက်ရှိပြီး ထိုသို့ ၀ယ်ယူနေမှုများကြောင့် ဈေးနှုန်းများ မှာလည်း အမှန်တကယ် ရှိသင့်သည့် နှုန်းထားတန်ဖိုးထက် ကျော်လွန်၍ အရောင်းအ၀ယ် ဖြစ်ပေါ်နေသည်ဟု သိရသည်။

အရောင်းအ၀ယ် ဖြစ်ပေါ်နေသည့်နေရာမှာ လေယာဉ်ကွင်း စီမံကိန်းအနီး ၀န်းကျင်၌ရှိသည့် ဆည်မြောင်းလမ်း၊ မြို့ရှောင်လမ်းတစ်ဝိုက် ရှိ ခြံကွက်များဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ကျပ်သိန်းဆယ်ဂဏန်းမှသည် အကွက်အကွင်းနေရာကို လိုက်၍ ကျပ်သိန်း ရာဂဏန်းကျော်သည်အထိ အရောင်းအ၀ယ် ဖြစ်ပေါ်နေကြောင်း သိရသည်။ ထိုသို့ ၀ယ်ယူသူများတွင် ပြည်တွင်းမှ အိမ်ခြံမြေအပေါ်၌ ရင်း နှီးမြှုပ်နှံလိုသူများသာမက ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာများနှင့် နိုင်ငံခြားသား လုပ်ငန်းရှင်များ၏ ငွေကြေးစိုက်ထုတ်ပေးမှုဖြင့် ၀ယ်ယူပေးမှုများပင် ရှိနေကြောင်း သိရသည်။
“အခုဆိုရင် ပဲခူးမြို့ဟာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေရဲ့ မျက်စိကျတဲ့နေရာတစ်ခု ဖြစ်လာနေတယ်။ အခု လည်း ဟံသာဝတီ လေယာဉ်ကွင်း ပြန်လုပ်မယ်ဆိုတဲ့ သတင်းနဲ့စက်မှုဇုန်တွေ လုပ်မှာကြောင့် ဒီစီမံကိန်းတစ်ဝိုက် က မြေကွက်တွေကို ရန်ကုန်က လာဝယ်နေကြပါတယ်။ ဒီဇွန်လဆန်း ပိုင်းမှာကို အတော်လေး ၀ယ်နေကြတာ။ ဒီတော့ ဈေးနှုန်းတွေကလည်း သတ်သတ်မှတ်မှတ် ရယ်လို့မရှိတော့ဘဲ တကယ်တန်ရာတန်ကြေးထက်ကို အဆမတန် မြင့်တက်နေပါတယ်။ အရင်တုန်းက ပေ ၄၀_၆၀ ကို တစ်သိန်းခွဲနဲ့ ၀ယ်မည့်သူမရှိတဲ့ ကျိုက်ပွန်နောက်ကျောဘက်က အကွက်တွေဆို အခုပါးစပ်ထဲဈေးတွေ ဖြစ်နေတယ်။ စီမံကိန်းက ဘယ်နေမှန်း မသိသေးဘူး”ဟု ပဲခူးမြို့ခံတစ်ဦးက ဆိုပါသည်။
ယခုကဲ့သို့ အရောင်းအ၀ယ် ဖြစ်ပေါ်နေသည့်အတွက် ခြံကွက်ပွဲစားများလည်း ပေါ်လာကြပြီး ပေါ်ပင် အလုပ်တစ်ခုအနေဖြင့် လုပ်ကိုင်နေကြကြောင်းလည်း သိရသည်။ လက်ရှိတွင် အဆိုပါသတင်း ထွက်ပေါ်နေသည့် စီမံကိန်းနှစ်ခုအနက် လေယာဉ် ကွင်းစီမံကိန်းမှာ စတင်ရခြင်းမရှိ သေးကြောင်းနှင့် စက်မှုဇုန်အတွက်ကိုမူ ရန်ကုန်ဘက်မှလာရောက်လျှင် ရန်ကုန်-ပဲခူး ခြောက်လမ်းသွားလမ်း မှ ပဲခူးတက္ကသိုလ်ရှေ့အရောက်၌ လမ်းခွဲသွားသည့် မြို့ရှောင်လမ်းတစ်လျှောက် အနောက်ဘက်ခြမ်းရှိ မြေနေရာကို လုပ်ဆောင်ရန် သတ်မှတ်ထားပြီး ယင်းနေရာများအတွက် မြေနေရာရှင်းလင်းမှုနှင့် လမ်းဖောက်လုပ်ရန် စက်ယန္တရားကြီးများဖြင့် စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။        

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။