Thursday, June 14, 2012

ကုလားသောင်းကျန်းမှု ရခိုင်ပြည်လူထု ဒုက္ခအခြေအနေ

condition









ဘင်္ဂလီမူဆလင်သောင်းကျန်းသူများ မောင်တောမြို့ လူထုများ နေ့စဉ်သောက်သုံးနေသော ကန်တော်ကြီးအား ဇွန်လ(၉)ရက်နေ့ ကတည်းက အဆိပ်ခတ်ထားသော သတင်းမှာ သေချာမှန်ကန်ကြောင်းနှင့် မောင်တောမြို့နယ်တွင် ဒုက္ခရောက်နေကြသူ ရခိုင်လူထုပေါင်း ၈၀၀၀ ကျော်မှာ သောက်ရေနှင့် စားနပ်ရိက္ခာများဖြင့် ရင်ဆိုင်အခက်အခဲ ကြုံနေကြရပြီဖြစ်ကြောင်း မောင်တောမြို့မှ သတင်းရရှိသည်။

စစ်တွေမြို့ ရခိုင်လူထုများ နေ့စဉ်သောက်သုံးနေသော ကန်တော်ကြီးရေပိုက်လုံးကြီးအား ကုလားသောင်းကျန်းသူများ ဖြတ်တောက် ပိတ်ဆို့မှုများကြောင့် သောက်သုံးရေ အခက်အခဲဖြင့် ရင်ဆိုင်နေကြရကြောင်း သိရှိရသည်။
သို့သော်လည်း စစ်တွေမြို့တွင် မီးသတ်ကားများဖြင့် ရေဝေမျှပေးနေမှုများကြောင်း သက်သာမှုရှိနေသည်ဟု စစ်တွေမြို့ခံ တစ်ဦးမှ ပြောသည်။
ဘင်္ဂလီမူဆလင်သောင်းကျန်းသူများ သောကြာနေ့က စတင်သောင်းကျန်းမှုများကြောင်း မောင်တောမြို့နယ်တွင် ရခိုင်လူထု (၄၀)ကျော် သေဆုံးခဲ့ကြောင်း၊ စစ်တွေမြို့နယ်တွင် (၁၀)ဦးသေဆုံးပြီး ပျောက်ဆုံးနေသူများရှိနေကြောင်း သိရှိရသည်။
ယင်းသေဆုံးသွားကြသူများအတွင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ရခိုင်များ၏ ဆွေမျိုးအရင်းများ ပါဝင်ကြောင်း ကော့စ်ဘဇားခရိုင်အတွင်းရှိ ဆွေမျိုးများက ပြောသည်။
ကော့စ်ဘဇားမြို့ ရခိုင်လူထုများအကြား ၎င်းတို့လုံခြုံရေးအတွက် ယနေ့အစည်းအဝေးများ ပြုလုပ်ကြမည်ဖြစ်ကြောင်း၊ ဘင်္ဂလီ ခေါင်းဆောင်များ၏ အကြံပေးချက်အရ လာမည့် သောကြာနေ့ (မူဆလင်ဝတ်ပြု)ကို အထူးစိုးရိမ်နေကြကြောင်းနှင့် ဘင်္ဂလီများက ပုံစံမျိုးစုံဖြင့် ခြိမ်းခြောက်ပြောဆိုနေမှုများကို ခံစားနေကြရကြောင်း မြို့ခံအမျိုးသမီးများက ပြောသည်။
စစ်တွေမြို့ ဓည၀တီရပ်ကွက်ရှိ ဓမ္မရာမ ဘုန်းတော်ကြီးကျောင်းတိုက်အား ဘင်္ဂလီမူဆလင်များက လှေးဂွနှင့် ဂျင်ဂလိများဖြင့် ပစ်ခတ်ရာ ကိုရင်(မောင်ရှင်) တစ်ပါး ဦးတော်သို့ ထိမှန်သွားခဲ့ကြောင်း ဓမ္မရာမဘုန်းတော်ကြီးကျောင်း တကာမက ပြောသည်။
ထို့ပြင် ဓမ္မရာမဘုန်းကြီးကျောင်းအား မီးရှိုးဖျက်ဆီးရန် ကြိုးစားနေသည့် ဘင်္ဂလီမူဆလင်များကို လုံခြုံရေးတာဝန်ယူထားသော ရဲနှင့် လုံထိန်းများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သူမကရှင်းပြသည်။
ကုလားက ရခိုင်ပြည်သူများအား တိုက်ခိုက်မှုကို ရခိုင်ပြည်ရှိ လုံခြုံရေးတပ်များဖြင့် မလုံလောက်၍ ရန်ကုန်မှ စစ်သားတပ်ဖွဲ့များ တပ်မတော်လေယဉ်ဖြင့် ရခိုင်ပြည်နယ်တွင် သောင်းကျန်းနေသည့် ကုလားများကို နှိမ်နှင်းရန် ဇွန်လ(၉)ရက်နေ့က စစ်တွေမြို့ လေယဉ်ကွင်းသို့ ရောက်ရှိလာခဲ့သည်။ ထို့မှတဆင့် မောင်တောသို့ ဓည၀တီသင်္ဘော နှစ်စီးဖြင့် ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။
သောကြာနေ့က မောင်တောမြို့တွင် ကုလားသောင်းကျန်းသူ ၂၀၀၀၀ ကျော်က ရခိုင်များကို တိုက်ခိုက်သည့်အခါ ဘင်္ဂလီမူဆလင်လူငယ်များကို ရှေ့တန်းသို့တင်ပြီး အတင်းအဓမ္မ ပြုကျင့်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မျက်မြင်များက ပြောသည်။
ပေါက်တောမြို့နယ် ဘုံဝန်ချောင်းအနောက်ဝစု ကျေးရွာမှ ဘင်္ဂလီမူဆလင်လူမျိုး ၁၈၀၀ ခန့်နှင့် ကပ်လျက်တည်ရှိသော ရခိုင်ရပ်ကွက် (၄) အင်အား ၂၀၀၀ တို့ ထိပ်တိုက်ရင်ဆိုင်မှု တနင်္လာနေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည်။
ယင်းပြဿနာကို ရပ်မိရပ်ဘများ၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက တားဆီး၍ မရသောကြောင့် စစ်တပ်ကို အာဏာလွှဲပြောင်းပေးခဲ့ရာ အုပ်စုနှစ်ခုအကြား စည်းများတား၍ သတိပေးပြောကြားကာ ခိုက်ရန်မဖြစ်ဖို့ တားမြစ်ခဲ့သည်။
သို့သော်လည်း တဖက်နှင့်တဘက် အသင့်ပြင်ဆင်လျက်ရှိကြသော ရရာလက်နက်များကို ကိုင်ဆောင်လျက် အရှိန်ပြင်းထန်လာခဲ့ရာ တပ်မတော်က ခြိမ်းခြောက်ပစ်ခတ်ခဲ့သဖြင့် ကုလား ၁၀ ကျော်နှင် ရခိုင် ၄ ဦးတို့ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရှိရသည်။
စစ်တွေမြို့ ကျေးတောရွာမ အဘ ဦးမောင်ရွှေဖြူ၏သား အသက် ၆၁ နှစ် အပါအဝင် လူ (၅) ယောက် ရွာဦး ဘုန်းကြီးကျောင်းတော်မှ ဗုဒ္ခဆင်းထူးတော်များကို သွယ်ဆောင်နေစဉ်တွင် ဘင်္ဂလီမူဆလင်များဝင်ရောက် ရိုက်နှက်မှုကြောင်း ၁၀ ရက်နေ့က သေးဆုံးသွားခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။