Thursday, June 14, 2012

 အလုပ်သမားဝန်ကြီိးဌာနမှ စက်ရုံအလုပ်သမားများ၏ အနိမ့်ဆုံး ယာယီလစာကို ၅၆၇၀၀ ကျပ် သတ်မှတ်ပြီး လုပ်ငန်းရှင်များဘက်မှလည်း အကောင်ထည်ဖော်ပေးရန် မေတ္တာရပ်ခံ

လှိုင်သာယာစက်မှုဇုန်၊ ကနောင်မင်းသာကြီးခန်းမတွင် စက်ရုံလုပ်ငန်းရှင်များအား အလုပ်သမားရေးရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယာယီအခြေခံလစာနှင့်ပတ်သတ်၍ ရှင်းလင်းမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်
အလုပ်သမားဝန်ကြီးဌာနမှ စက်မှုဇုံများရှိ စက်ရုံအလုပ်သမားများ၏ အနိမ့်ဆုံး ယာယီလစာအား ၅၆၇၀၀ ကျပ် သတ်မှတ်လိုက်ကြောင်း၊ အမြန်ဆုံး ဆောင်ရွက်နိုင်ရန် လုပ်ငန်းရှင်များဘက် အကောင်ထည်ဖော်ပေးရန် ၀န်ကြီးဌာနမှ မေတ္တာရပ်ခံခဲ့ သတင်းရရှိသည်။

အဆိုပါ အနိမ့်ဆုံး ယာယီလစာ သတ်မှတ်ခြင်း အခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့၊ လှိုင်သာသာစက်မှုဇုန် ကနောင်မင်းသားကြီးခန်းမတွင် ပြုလုပ်ခဲ့ကာ အလုပ်သမားရေးရာဝန်ကြီးဌာနမှ အနိမ့်ဆုံး ယာယီလစာအား(OT ကြေး) မပါ  ၅၆၇၀၀ ကျပ်အား သတ်မှတ်လိုက်ကြောင်း၊ တရားဝင်အလုပ်သမားများမှာ ရှားပါးစရိတ်၊ Day ကြေး၊ ထုတ်လုပ်မှုစရိတ် အပိုကြေးစသည်တို့အား ထပ်မံခံစားခွင့်များလည်း ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ယာယီအခြေခံလစာ သတ်မှတ်ရန်အတွက် ဇွန်လ ၅ ရက်နေ့တွင်လည်း ညှိနှိုင်းအစည်း အဝေးပြုလုပ်ခဲ့ရာတွင် စက်မှုဇုန်များရှိ စက်ရုံများအား ကဏ္ဍအလိုက် ခွဲခြားကာ ယာယီအခြေခံလစာကို သတ်မှတ်ပေးသွားမည်ဟု ဆိုသော်လည်း ယခုအခါ စက်မှုဇုန်များရှိ ရုံများအား အနိမ့်ဆုံး ယာယီအခြေခံလစာအား တပြေညီသတ်မှတ်၍  စက်ရုံလုပ်ငန်းရှင်များအားလည်း ပါဝင်ဆောင်ရွက်သွားရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရှိရသည်။

ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးမှ ''ကျွန်တော်တို့အနေနဲ့အနည်း ဆုံးယာယီအခြေခံ လစာသတ်မှတ် လိုက်ပါတယ်။အမြန်ဆုံး အကောင်ထည်ဖော်နိုင်ဖို့ အတွက် စက်ရုံလုပ်ငန်းရှင်များက အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်အနေနဲ့ လုပ်ငန်းရှင်တွေကို   ၀န်ကြီးဌာနကသတ်မှတ်လိုက်တဲ့ အတိုင်း ပြုလုပ်ဆောင်ရွက်ပေးသွား စေခြင်ပါတယ်။အတင်းအကြပ်တိုက် တွန်းတာမဟုတ်ဘဲ မေတ္တာရပ်ခံခြင်း  ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

''၀န်ကြီးဌာနက မေတ္တာရပ်ခံချက် က အလုပ်သမားလည်းမနစ်နာနိုင် ဘူး။အလုပ်ရှင်လည်း မထိခိုက်တဲ့   အနည်းဆုံးယာယီလစာက ကောင်းပါတယ်။ ဒါကို လုပ်ငန်းရှင်တွေဘက်ကဘဲ ဆောင်ရွက်သွားနိုင်ဖို့ဘဲ လိုတော့တယ်'' ဟုအလုပ်သမားများ ၏အ ခြေခံလစာညှိနှိုင်းမှုများတွင် ပါဝင် ဆောင်ရွက်ပေးနေသော မသက်သက်အောင်ကပြောကြား ခဲ့သည်။

အနည်းဆုံး ယာယီလစာ သတ်မှတ်ရန်အတွက် စက်ရုံလုပ်ငန်းရှင်များနှင့် ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် စက်ရုံ ၂၀ ကျော်ခန့် အဆင်ပြေမှုများ ရရှိခဲ့ကြောင်း၊၂၀၁၂ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် စတုထ္တအကြိမ်မြောက် ကျင်းပမည့် လွှတ်တော်တွင် အနည်းဆုံး အခကြေးငွေ ဥပဒေကို တင်ပြသွားရန် ရေးဆွဲပြီးနေကြောင်း၊ နိုင်ငံတကာစံနှုန်းနဲ့အညီ အနိမ့်ဆုံး အခကြေးငွေကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဇွန်လ ၃ ရက်နေ့တွင် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိန်ခေါ်မှု စုပေါင်းဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။