Thursday, June 14, 2012

ကားအလှဆင်ပစ္စည်းဝင်ရောက်မှုများ၍ ဈေးနှုန်းကျဆင်းလျက်ရှိ

ကားအလှဆင် ပစ္စည်းဈေးကွက်တွင် ပစ္စည်းဝင်ရောက်မူများပြားခြင်းကြောင့် ပစ္စည်းဈေးနူန်းနှင့် ၀ယ်လိုအားကျဆင်းလျက်ရှိကြောင်း   ကားအလှဆင်ပစ္စည်းအရောင်းဆိုင်များက သိရှိရသည်။
 

“အခုက ကားတွေတင်သွင်းလာတော့  အပိုအလှဆင်  ပစ္စည်းတွေ ကလည်း အပြိုင်ဝင်လာတယ်။ မီးကွက်တွေ ကိုအလှဆင်တဲ့ ပစ္စည်းတွေ  ဆိုရင် အရင်က (၁၂၀၀၀၀)လောက်ကနေ အခု (၅၆၀၀၀)လောက်ပဲ ရှိ တော့တယ်။ အခြား ထိုင်ခုံစွပ်တွေ၊ ဘီးအ ဖုန်းတွေ  ၊ မှန်စတေကာတွေလဲ ဈေးကျတယ်”ဟု ကျွန်းတောလမ်း ဟံသာဝတီအ၀ိုင်းနီးရှိ ယယားကားအလှဆင် ပစ္စည်းအရောင်း ဆိုင်မှ ကိုအီလီလန်က ပြောသည်။
 
အဆိုပါပစ္စည်းဈေးကွက်တွင်းသို့ တရုတ်နှင့် ယိုးဒယား ကုန်ပစ္စည်းများဝင်ရောက်လျက်ရှိပြီး ၂၀၁၀ခုနှစ် နှစ်ကုန် ပိုင်းတွင် ကျပ် (၁၂၀၀၀၀)၀န်းကျင်ရှိသော ပါဂျဲဒိုး ဘီးကာဘာမှာ လက်ရှိဈေးကွက်တွင်း၌ ကျပ်(၈၀၀၀၀) ၀န်းကျင် သို့လည်းကောင်း၊ ကားလော့လက်မုမှာ ကျပ် (၃၃၀၀၀)ထောင်မှ ယခုကျပ် (၂၁၀၀၀)၀န်းကျင် သို့ ဈေးနူန်းများကျဆင်းခဲ့ကြောင်း သိရသည်။
 
“ဈေးကွက်ကတော့ကျနေပေမယ့်။ လာပြီးအလှဆင်တဲ့သူတွေလည်း နည်းသွားတယ်။ စတေကာတို့၊ ကားအမဲ ဖလင်ကပ်တာ တို့တွေတော့ လာကပ်ကြပါတယ်။ ကားမှန်အမဲ UD ဖလင်ဆိုရင် အရင်က တံခါးတစ်ပေါက်ကို ကျပ် (၄၀၀၀)လောက်ပေးရတယ်။ အနောက်နဲ့အရှေ့မှန်ဆိုရင် (၁၀၀၀၀)လောက်ရတယ်။ လက်ခရော ပစ္စည်း ဖိုးရော အခု ၃၅၀၀နဲ့ ၈၀၀၀ ပဲရတော့တယ်” ဟု ဟံသာဝတီ ကားပွဲစားတန်းအနီးတွင် ကားအလှဆင်ခြင်း လုပ်ကိုင်နေသူ ကိုနာနီက ပြောသည်။
 
ကားအလှဆင်ပစ္စည်း ဈေးကွက်တွင်း၌ ယိုးဒယားမှ တင်သွင်းသော သရေထိုင်ခုံအခင်း(တစ်စီးစာ)မှာ ကျပ် (၁၁၀၀၀၀)၀န်းကျင်၊ တရုတ်မှ တင်သွင်းသော နိုင်လွန်ထိုင်ခုံအခင်း(တစ်စီးစာ)မှာ ကျပ် (၂၅၀၀၀)မှ ကျပ် (၆၀၀၀၀)အထိ ဈေးနူန်းများရှိပြီး လက်ရှိဈေး ကွက် ကျပ် (၄၅၀၀၀)ထောင်နှင့် ကျပ် (၅၀၀၀၀) ၀န်းကျင်ရှိ တရုတ်ထိုင်ခုံအခင်းများအရောင်းအ၀ယ်ဖြစ်ပေါ်နေကြောင်း သိ ရ သည်။
 
“ကျွန်တော်ပြီးခဲ့တဲ့ တစ်လလောက်က ရောင်းလိုက်တဲ့ ကားကို ထိုင်ခုံစွပ်တို့ ကားမီးသီးကာဘာတို့ အလှဆင်တဲ့ ပစ္စည်းဝယ်တာ အခုဝယ်တဲ့ဈေးထက်ကို ၄သောင်း ၅သောင်းလောက်ကိုဈေးကွာနေ တာတွေ့တယ်။ ဘာလို့လဲမေးကြည့်တော့ ဈေးကွက်ထဲ ပစ္စည်းအ၀င်များလို့ သူထက်ငှာအသစ်ဝင်တော့ ဈေးလျော့လာကြလို့ ပြောတယ်” ဟု ဗဟန်းမြို့်နယ်မှ ကားပွဲလုပ်ကိုင်သူ ကိုသန်းမင်းဦးက ပြောသည်။
 
ပြည်တွင်းကားတင်သွင်းခွင့်ပြုပြီး (၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်း) နောက်ပိုင်းတွင် ကားအလှဆင်ပစ္စည်းနှင့် အပို ပစ္စည်းဈေး ကွက် အရောင်း အ၀ယ်မြင့်တက်ခဲ့သော်လည်း လက်ရှိဈေးကွက်တွင်း အဆိုပါကုန်ပစ္စည်းများဝင် ရောက်မူများပြားခဲ့   ခြင်းကြောင့်ဈေးနူန်း များကျဆင်းကာ ၀ယ်လိုအားကျဆင်းခဲ့ခြင်းဖြစ်သည်။
 
 
လက်ရှိကားအလှဆင်ပစ္စည်းဈေးနူန်းများ (ဆိုင်ရောင်းဈေးများ)
 
အမည်                     အရေအတွက်                        ဈေးနူန်း (ကျပ်)
 
ထိုင်ခုံစွပ်                  တစ်စုံ (ကားတစ်စီးစာ)            (၂၅၀၀၀) မှ (၆၀၀၀၀)
U Dပါ ဖလင်လိပ်         တစ်လိပ် (၅ပေအနံ ၁၀၀ပေ)   (၇၀၀၀၀)မှ (၁၀၀၀၀၀)၀န်းကျင်
တံခါးသော့                တစ်ခု                                 (၂၁၀၀၀)မှ (၃၀၀၀၀)၀န်းကျင်
ခြေနင်းအခင်း             တစ်ခု                                (၈၀၀၀)ထောင် မှ (၁၅၀၀၀)၀န်းကျင်
မီးကွက် ကာဘာ          တစ်ခု (PARADO)                (၁၂၀၀၀)မှ (၅၀၀၀၀) ၀န်းကျင်
ကားဘီးအဖုံး              တစ်ခု                                (၅၀၀၀၀) ၀န်းကျင်
 
 (မှတ်ချက်။      ။ တံခါးမှန် စတေကာကပ်လျှင် ၀န်ဆောင်ခနှင့် တံခါးမှန်တစ်ချက်အတွက် ကျပ် ၃၅၀၀၊ ရှေ့မှန်ကြီးနှင့်  နောက် မှန်ကြီးများအတွက် ကျပ်တစ်သောင်းဝန်းကျင်ဈေးရှိကြောင်း သိရသည်။)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။