Thursday, June 14, 2012

မြန်မာ ဘောလုံး အဖွဲ့ချုပ်မှ ရခိုင် ဒုက္ခသည်များ အတွက် သိန်း (၅) ထောင်ကျော် လှူဒါန်း

Zaw_Zaw_23





ရခိုင်ပြည်ရှိ အခက်အခဲ ကြုံတွေ့နေရသော ဒေသခံ ပြည်သူများ အတွက် အလှူငွေ ကျပ် ၅၀၀၉ သိန်းနှင့် လူ ၃၀၀၀ အတွက် တစ်ကိုယ်ရေ သုံးပစ္စည်း (စောင်၊ ခေါင်းအုံး၊ အ၀တ်အစား တစ်စုံ…စသည်) များကို မြန်မာနေရှင်နယ်လိဂ် ဘော်လုံး အသင်းပိုင် ရှင်များမှ စုပေါင်းပြီး လှူဒါန်း ခဲ့ကြောင်း၊ ပြည်နယ် ၀န်ကြီး ချုပ်ရုံးမှ သိရပါသည်။

“ ဒီနေ့ မနက် ၁၀း ၃၀ နာရီလောက်မှာ စစ်တွေမြို့က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ရုံးမှာ လှူဒါန်းခဲ့တာပါ။ အလှူငွေနဲ့ အလှူ ပစ္စည်းတွေကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က လက်ခံ ရယူခဲ့ပါတယ်။ အလှူရှင်တွေ ကိုယ်စား မြန်မာ နိုင်ငံဘော် လုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က လှူဒါန်းပေးအပ်ခဲ့တာပါ “ ဟု ၀န်ကြီးရုံး အရာရှိတဦးက ပြောပါသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက် မှုများကြောင့် ပျက်ဆီး ဆုံးရှုံးမှုများအတွက် ထောက်ပံ့ လှူဒါန်းငွေများကို ရခိုင်ပြည်နယ် တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေး စခန်းများသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၊ မြန်မာ နေရှင်နယ်လိဂ် က လပ်အသင်းများ၊ ပြည်တွင်း မီဒီယာအချို့ နှင့် အနုပညာရှင် အချို့သည် ဇွန်လ ၁၃ ရက် ယနေ့ နံနက် ၉ နာရီခွဲတွင် စစ်တွေ မြို့ မြို့တော် ခန်းမတွင် သွားရောက် လှုဒါန်းခဲ့ပါသည်။ ထို့နောက် အလှူရှင်များသည် အာဂျိတ်တောင် ကယ်ဆယ်ရေး စခန်း၊ တပ်ဦး ပရိယတ္တိ စာသင်တိုက် ကယ်ဆယ်ရေး စခန်းများသို့ အလှူငွေများ၊ စောင်များ၊ အ၀တ်အထည်များ၊ ပန်းကန်များ၊ ခေါက်ဆွဲခြောက်များနှင့် အခြား လိုအပ်သော ပစ္စည်းများအား သွားရောက် လှူဒါန်း ခဲ့ကြပါသည်။
Ball
အလှူရှင်များမှာ-

၁။ ဦးအောင်ကိုဝင်း (နာယက၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ကျပ်သိန်း ၁၀၀၀
၂။ ဦးဇော်ဇော် (ဥက္ကဌ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ကျပ်သိန်း ၁၀၀၀
၃။ ဦးရန်ဝင်း (ဥက္ကဌ၊ ဧရာဝတီ ယူနိုက်တက် ဘောလုံးအသင်း) ကျပ်သိန်း ၃၀၀
၎။ ဦးဖြိုးကိုကိုတင့်ဆန်း (ဥက္ကဌ၊ နေပြည်တော် ဘောလုံးအသင်း) ကျပ်သိန်း ၃၀၀
၅။ ဦးလှဌေး (ပိုင်ရှင်၊ ဇွဲကပင် ဘောလုံးအသင်း) ကျပ်သိန်း ၂၀၀
၆။ ဦးဇော်မင်းသိန်း (ပိုင်ရှင်၊ ရက္ခပူရ ဘောလုံးအသင်း) ကျပ်သိန်း ၁၀၀
၇၊ ဒေါက်တာ စိုင်းဆမ်ထွန်း (ပိုင်ရှင်၊ ရတနာပုံ ဘောလုံးအသင်) ကျပ်သိန်း ၁၀၀
၈။ ဦးသူရိန် (ဥက္ကဌ၊ ဇေယျာရွှေမြေဘောလုံးအသင်း) ကျပ်သိန်း ၁၀၀
၉။ ဦးအောင်မိုးကျော် (ပိုင်ရှင်၊ ဟံသာဝတီ ဘောလုံးအသင်း) ကျပ် သိန်း ၁၀၀
၁၀။ ဦးဝမ်စိန် (ဥက္ကဌ၊ မောရ၀တီ ဘောလုံးအသင်း) ကျပ်သိန်း ၁၀၀
၁၁။ ဦးလှမျိုး (အောင်မြင်သူ ကုမ္ပဏီ အုပ်စု) ကျပ်သိန်း ၂၀၀
၁၂။ ဦးကျော်ဟိန်း (ချယ်ဟိန်း ကုမ္ပဏီ) ကျပ်သိန်း ၂၀၀
၁၃။ Fresh Air Con ကျပ်သိန်း ၁၀၀
၁၄။ လူငယ် မီဒီယာ သမားများ ကိုယ်စားပြု ကျပ်သိန်း ၅၀
၁၅။ Eleven Media Group ကျပ်သိန်း ၂၀
၁၆။ ပေါ်ပြူလာ ဂျာနယ် ကျပ်သိန်း ၂၀
၁၇။ သရုပ်ဆောင် ပြေတီဦး ကျပ်သိန်း ၂၀
၁၈။ ဒါရိုက်တာ ၀ိုင်း ကျပ် ၁၅ သိန်း

အလှူ ပစ္စည်းနှင့် ငွေသား စုစုပေါင်း ကျပ် သိန်း ၅၀၀၀ ခန့်ကို ပေးအပ် လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်မှ ကယ်ဆယ်ရေး စခန်းများသို့ ထပ်ဆောင်း အလှူငွေ ကျပ်သိန်း ၁၅၀၀ ခန့်ကို ထပ်မံ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။