Thursday, June 14, 2012

ဂုန်းကျော်တံတား ဆောက်လုပ်မှုကြောင့် သွားလာမှု အခက်တွေ့


ဂုန်းကျော်တံတား ဆောက်လုပ်မှုကြောင့် သွားလာမှု အခက်တွေ့
ရန်ကုန်မြို့တွင်း ယာဉ်သွား ယာဉ်လာ ထူထပ်တဲ့ လှည်းတန်း၊ ရွှေဂုံတိုင်၊ ပြည်လမ်း၊ ဘုရင့်နောင် အစရှိတဲ့ နေရာတွေမှာ ဂုံးကျော်တံတားတွေကို ဆောက်လုပ်ဖို့ အကောင်အထည်ဖော်
ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ပြည်ပက ယာဉ်တင်သွင်းမှုတွေ များလာတာနဲ့အတူ လမ်းတံတားတွေ ဆောက်လုပ်ဖို့ ပြင်ဆင်နေတာကြောင့် မကြာခဏ ဆိုသလို ရန်ကုန်မြို့မှာ
ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်ပွားနေပြီး ခရီးသည်တွေ သွားလာမှု နှောင့်နှေး နေရပါတယ်။ ရန်ကုန်မြို့အတွင်းမှာ ယခင်ကထက် ယာဉ်သွား ယာဉ်လာ ပိုမို များပြားလာတဲ့ အတွက် လမ်း
စည်းကမ်း၊ ယာဉ်စည်းကမ်းတွေ အထူး ကြပ်မတ်ပေးဖို့ လိုပြီး မီးပွိုင့်တွေ ပုံမှန် အလုပ် လုပ်နိုင်အောင် ထိန်းသိမ်းပေးဖို့တွေလဲ လိုအပ်နေတယ်လို့ သိရှိ ရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။