Tuesday, November 27, 2012

 အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ နိုဝင်ဘာလ၂၅ရက်နေ့တွင် အမျိုးသမီး ၃၀၀ခန့် ပါဝင်သည့် စီတန်းလှည့်လည်မှု ရန်ကုန်မြို့တွင် ပြုလုပ်

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ဖြစ်သည့် နိုဝင်ဘာလ ၂၅ရက်နေ့ နံနက်ပိုင်းက အမျိုးသမီး ၃၀၀ခန့် ပါဝင်သော စီတန်းလှည့်လည်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းမှ ဦးဆောင်၍  အမျိုးသမီးအခွင့်အရေး လှုပ်ရှားသော အရပ်ဘက်အဖွဲ့အစည်း ၂၀ကျော်၊ လူအင်အား ၃၀၀ခန့်တို့ဖြင့် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းမှ ကန်တော်ကြီးပန်းခြံ ဗိုလ်ချုပ်ကြေးရုပ်ကြီးရှေ့အထိ စီတန်းလှည့်လည်သည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ပြီး ကန်တော်ခြံပန်းခြံထဲတွင် အဆိုပါလှုပ်ရှားသူများက အမျိုးသမီးအခွင့်အရေးဆိုင်ရာ အထိမ်းအမှတ်ပွဲတစ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ (အထူးသဖြင့် ရန်ကုန်မြို့တွင်) အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှုများကို ကာကွယ်ရန်အတွက် ယခုကဲ့သို့ စီတန်းလှည့်လည်ကာ အခမ်းအနားကျင်းပရခြင်း ဖြစ်သလို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်စေရေးအတွက် အမျိုးသားများလည်း ပူပေါင်းပါဝင်သင့်ကြောင်း  ဒေါ်ညိုညိုသင်းမှ ပြောကြားခဲ့သည်။
''သက်ဆိုင်ရာအုပ်ချုပ်သူတွေ အနေနဲ့လည်း အမျိုးသမီးများကို အကြမ်းဖက်တဲ့လုပ်ရပ်တွေကို ချက်ချင်း အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းမပေးနိုင်သေးတာကို တွေ့ရပါတယ်။ အဓိကကတော့ လူတွေရဲ့တွေးခေါ်ပုံ တွေးခေါ်နည်းတွေမှာကိုက လင်မယားရန်ဖြစ်တာဆို ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ အသိတွေ ၀င်နေကြတယ်။ အဲဒီလိုဖြစ်ရပ်တွေ ဆင်ခြေဖုံးတွေမှာ အရမ်းကိုများနေပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေ ပပျောက်ဖို့ လိုပါတယ်။ ပြီးတော့ အာဆီယံကိုးနိုင်ငံမှာလည်း ဒီလိုအိမ်တွင်းအကြမ်းဖက်မှုတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီဥပဒေကို အလျင်အမြန်ရေးဆွဲဖို့ လိုအပ်နေပါပြီ'' ဟု ဒေါ်ညိုညိုသင်းမှ ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဒုတိယဦးဆောင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ''အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှာ ဘယ်သူကပဲလုပ်လုပ်၊ ဘယ်မှာပဲလုပ်လုပ် ခွင့်လွှတ်စရာအကြောင်း မရှိပါဘူး။ တာဝန်ရှိ အစိုးရအရာရှိတစ်ဦးအနေနဲ့ရော၊ အမျိုးသားတစ်ဦးအနေနဲ့ပါ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးများရဲ့ဘ၀တွေ ပြောင်းလဲလာအောင်လုပ်နိုင်ဖို့ ကျွန်တော်တို့မှာ အခွင့်အလမ်းတွေ ရှိပါတယ်။ ဥပဒေတွေ ပေါ်ထွန်းလာဖို့လည်း ကြိုးပမ်းသွားပါမယ်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။