Tuesday, November 27, 2012

တက်ရိပ်ပြနေသည့် ပုသိမ် အိမ်ခြံမြေဈေးကွက်


ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့ပေါ်ရှိ လမ်းများမှာ ယခင်ထက်ပိုမို ကောင်းမွန်လာခြင်းနှင့်အတူ အိမ်၊ခြံ၊မြေ အ၀ယ်များ လာပြီး ဈေးနှုန်းထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိသည် ဟု ပုသိမ်အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ကိုင်နေသူများထံမှ သိရှိရသည်။



ပုသိမ်မြို့တွင် မြို့လယ်ခေါင်ကျသော ရပ်ကွက်(၂)ခုရှိ အိမ်ခြံမြေဈေးနှုန်းမှာ ယခင်သိန်းငါးထောင်ခန့် ရှိရာမှ ယခုသိန်းပေါင်း သောင်းဂဏန်းအထိ ဈေးတိုးမြှင့်လာသော်လည်း အရောင်းအ၀ယ်ဖြစ်နေသည်ဟုသိရသည်။

အထူးသဖြင့် (၄)ရပ်ကွက်က မြေဈေး ၊ အိမ်ဈေးတွေက အတက်ကြမ်းတယ်၊ ရွှေမုဌော ဘုရား မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ သီရိဝန်းဆိုင်ခန်းတွေတောင် အခန်းတစ်ခန်းရဲ့တန်ဖိုးက သိန်းတစ်ထောင်ဝန်းကျင် ရှိတယ်။ ဒါလည်း ၀ယ်တဲ့လူတွေရှိနေတယ် ဟု ကျော်အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်းမှ ကိုမင်းနိုင်က ပြောသည်။

ထိုသို့မြင့်မားသော အိမ်ခြံမြေဈေးများတွင် အရောင်းအ၀ယ်ဖြစ်လျက်ရှိသော်လည်း အစိုးရအား အခွန်တိုးမြှင့်ပေးဆောင်ရခြင်းမှာ ယခင်၁၅ ရာခိုင်နှုန်း အစား ၃၅ရာခိုင်နှုန်းဖြစ်လာသောကြောင့် အိမ်ခြံမြေရောင်းဝယ်ခြင်းကို သေချာသုံးသပ်ပြီးမှ အရောင်းအ၀ယ်ပြုလုပ်ကြောင်းကိုလည်း  အကျိုးဆောင်များထံက သိရသည်။

ဈေးနှုန်းတွေက ရပ်ကွက်အလိုက် ကွာဟမှုရှိတယ်ဆိုပေမဲ့ မြို့ပေါ်ရပ်ကွက်အားလုံးရဲ့ အိမ်ခြံမြေ ဈေးကွက်က အတက်ဘက်ကို ဦးတည်နေတယ် “ ဟု ပုသိမ်အိမ်ခြံမြေ အကျိုးဆောင် ကိုရဲထွဋ်က ပြောသည်။


ပုသိမ်-ချောင်းသာ ကားလမ်းသွားလာမှုတွင် အရေးပါသော မင်းကြီးလမ်းအား ကွန်ကရစ်ခင်းခြင်း ပြုလုပ်ပြီးစီးပါက (၂)ရပ်ကွက်မှ အိမ်ခြံမြေဈေးများ (၂)ဆခန့်တက်လာနိုင်ပြီး ၄×၆ပေရှိ မြေကွက် တစ်ကွက်လျှင် သိန်းတစ်ရာကျော်အထိ မြင့်တက် လာနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ် ပြောဆိုသည်။


 “တခြားမြို့တွေမှာလို ပုသိမ်လည်း မြို့ထဲရပ်ကွက်တွေနဲ့ အစွန်ကျတဲ့ ရပ်ကွက်တွေတော့ ဈေးနှုန်း ကွာဟမှု ရှိတယ်၊ အဓိကကတော့ မြေဈေးပဲ (၂)ရပ်ကွက်နဲ့(၅)ရပ်ကွက်မှာဆိုရင် ၄ပေ၆ပေ မြေကွက်လပ်မှာ အဆောက်အဦးတစ်ခုပါရင် ပါတဲ့အဆောက်အဦးအလိုက် သိန်း(၅)ရာကနေ သိန်း(၂)ထောင်ကျော် အထိ ပေါက်တယ် ဟုအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင် သူ ဒေါ်စန္ဒာဝင်းက ပြောသည်။


ပုသိမ်မြို့တွင် မြို့ပေါ်ရပ်ကွက်(၁၂)ခုရှိပြီး ထက်ဝက်ခန့်မှာ အိမ်ခြံမြေအ၀ယ်လိုက်နေသော ရပ်ကွက်များဖြစ်ပြီး ပုသိမ်မြို့၏ တစ်ဖက်ကမ်းတွင်ရှိသော ရပ်ကွက်(၂)ခုမှာ  ၀ယ်ယူနည်းပါးသဖြင့် ဈေးငြိမ်နေကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။