Tuesday, November 27, 2012

ထိုင်းရောက်မြန်မာများကို တရားမဝင် ခိုင်းစေလျှင် ထုတ်ကုန်ဈေးကွက် အထိ ကန့်ကွက်မည်


တရားမဝင် မြန်မာ အလုပ်သမား သန်းဂဏန်း အလုပ် လုပ်ကိုင် လျက်ရှိသော ထိုင်းနိုင်ငံတွင်
မြန်မာ အလုပ်သမား များကို တရားဝင် အလုပ်သမား အဖြစ် မှတ်ပုံတင်ကာ မခိုင်းစေ ပါက ထုတ်ကုန်ဈေးကွက် အထရားမဝင် မြန်မာအလုပ်သမား သန်းဂဏန်း အလုပ် လုပ်ကိုင်လျက် ရှိသော ထိုင်းနိုင်ငံတွင် မြန်မာ အလုပ်သမား များကို တရားဝင် အလုပ်သမား အဖြစ် မှတ်ပုံတင်ကာ မခိုင်းစေပါက ထုတ်ကုန်ဈေးကွက်အထိ  လိုက်ကန့်ကွက်မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ပြောကြားသည်။


သမားများစွာ တရားမဝင် အလုပ်သမား အဖြစ် ရေလုပ်ငန်း၊ ရေလုပ်ငန်းနှင့် ပတ်သက်သော လုပ်ငန်းများနှင့် အခြားကုန်ထုတ် လုပ်ငန်းများတွင် လှောင်ပိတ် ခိုင်းစေခြင်း ခံနေရကြောင်း ၄င်းကဆိုသည်။
“တရားဝင်အလုပ်ခိုင်းစေဖို့ ထိ ထိရောက်ရောက် ပြင်းပြင်းထန်ထန် ညှိနှိုင်းရမယ်။ မရဘူးဆိုရင် အဲဒီထုတ် ကုန်တွေကို ဈေးကွက်အထိလိုက်ကန့် ကွက်မယ်”ဟု ဦးမြင့်သိန်းကပြောကြား သည်။ တရားမဝင်အလုပ်သမားများကို မြန်မာနိုင်ငံမှ အဖွဲ့ခြောက်ဖွဲ့ဖြင့် တရားဝင်အလုပ်သမားများအဖြစ် အထောက်အထားပြုလုပ်ပေးခြင်း၊ ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေး ခြင်းများကို လုပ်ဆောင်ပေးနေသည့် လုပ်ငန်းများကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရပ်နားရမည်ဖြစ်ရာ သက်တမ်းတိုးလုပ်ခွင့်ရရန် နှစ်နိုင်ငံ အစိုးရ ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။ “အလုပ်သမားတွေအတွက် လိုအပ်ချက်ရှိနေသမျှ နှစ်နိုင်ငံ ညှိနှိုင်း နေရမှာပဲ”ဟု ဦးမြင့်သိန်းက ထပ်မံပြော ကြားသည်။
ထိုင်းနိုင်ငံတွင် အလုပ်သမား ၁ ဒသမ ၂ သန်းခန့်ကို ယာယီနိုင်ငံကူး လက်မှတ်အပါအဝင် အထောက်အထား ရရှိအောင် ပြုလုပ်ပေးပြီးကာ တရားဝင် လျှောက်ထားသော အလုပ်သမား နှစ် သိန်းကျော်ကို ယာယီနိုင်ငံကူးလက် မှတ်ထုတ်ပေးရန် ကျန်နေသေးကြောင်း၊ အခြားကျန်အလုပ်သမားများမှာ တရား ဝင်မှတ်ပုံတင်ရန် ငွေကြေးအားနည်းမှု၊ အလုပ်ရှင်က တာဝန်ယူ၊ လုပ်ပေးမှု မရှိခြင်းနှင့် အကြောင်းအမျိုးမျိုး ကြောင့် မှတ်ပုံမတင်နိုင်ခြင်းဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာနထံမှ သိရှိရသည်။ ထိုင်းနိုင်ငံအစိုးရက တရားမဝင် မြန်မာအလုပ်သမားများကို မြန်မာနိုင်ငံ သို့ တရားဝင်ပြန်ပို့မှု လေးလအတွင်း ၁၀ ဆမြင့်တက်လာပြီး လူဦးရေအား ဖြင့် ၄၀ဝ၀ ကျော်ရှိပြီဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။
ထိုင်းနိုင်ငံအစိုးရ၏ အမျိုးသား ရေးအစီအစဉ်အရ ဒီဇင်ဘာလ ၁၄ ရက် နေ့မတိုင်မီ မှတ်ပုံတင်ပြုလုပ်ထားခြင်းမရှိ သော မြန်မာအလုပ်သမားများကို ထိုင်း နိုင်ငံက နယ်နှင်ဒဏ်ပေးမည်ဖြစ်သည်။ ထိုင်းနိုင်ငံ စမွတ်ပရာကန်ဒေသ ရှိ ငါး၊ ပုစွန်စက်ရုံတွင် လုပ်ကိုင်နေ သော အမျိုးသမီးတစ်ဦးကမူ “အပြင် လည်းမထွက်ရဘူး။ ဆေးကုခွင့်လည်း မရှိဘူး။ အလုပ်အရေးကြီးရင် နေ့ရော ညပါ ဆက်တိုက်ခိုင်းတယ်။ တရားဝင် အလုပ်သမားတွေထက် လစာလည်း နည်းတယ်။ လစာမပေးလို့ တောင်းဆို တဲ့သူတွေကို ပိတ်လှောင်ထားတာရှိ တယ်”ဟု ၄င်း၏အတွေ့အကြုံကို ရှင်း ပြသည်။
မြန်မာအလုပ်သမားများ နယ်နှင် ပြစ်ဒဏ်မခံရရေး၊ အဖွဲ့ခြောက်ဖွဲ့လုပ် ငန်းဆက်လုပ်ခွင့်ရရေးအပါအဝင် ထိုင်းနိုင်ငံရောက် အလုပ်သမားများ ကိစ္စအတွက် နှစ်နိုင်ငံအစိုးရက နိုဝင် ဘာလကုန်ပိုင်းတွင် ဆွေးနွေးသွားမည် ဖြစ်သည်။
ထိုင်းနိုင်ငံတွင် မြန်မာအလုပ် သမား သုံးသန်းမှ လေးသန်းခန့်ရှိ ကြောင်း ထိုင်းနိုင်ငံရောက် အလုပ်သမား အရေးဆောင်ရွက်သူများနှင့် ပြည်ပ အလုပ်အကိုင်အေဂျင်စီအချို့၏ ပြော ကြားချက်များအရ သိရှိရသည်။
ဒုဝန်ကြီးဦးမြင့်သိန်း

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။