Tuesday, November 27, 2012

မြန်မာ့မီးရထားရုံး အဆောက် အအုံကို ကြယ်ငါးပွင့်ဟိုတယ်အဖြစ် ပြောင်းမည်


ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ မြန်မာ့ မီးရထားရုံး အဆောက်အအုံ ဟောင်းကို
ကိုလိုနီခေတ် မြန်မာ့မီးရထားရုံး အဆောက် အအုံကို ကြယ်ငါးပွင့်ဟိုတယ်အဖြစ် ပြောင်းမည်
မူလ လက်ရာ မပျက်စေဘဲ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ် အဖြစ် ပြုပြင် တည်ဆောက် သွားမည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်းကို လုပ်ဆောင်မည့် စင်ကာပူ အခြေစိုက် Yoma Strategic Holdings ကုမ္ပဏီမှ ပြန်ကြားရေး တာဝန်ခံ ဒေါ်ခင်သူသူက The Voice Weekly သို့ နိုဝင်ဘာလ ၂၀ ရက်နေ့က ပြောကြားသည်။


၁၈၇၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ရန်ကုန်မြို့လယ်ကောင်တွင်တည်ရှိကာ ကိုလိုနီခေတ်လက်ကျန် ရှေးဟောင်း အဆောက်အအုံဟောင်းဖြစ်သည့် အဆိုပါမြန်မာ့မီးရထားရုံးချုပ် အဆောက်အအုံဟောင်းကို စင်ကာပူရှိ Raffles ဟိုတယ်ပုံစံ ပြောင်းလဲပြင်ဆင်သွားမည်ဟု Yoma Strategic Holdings က နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဗိုလ်ချုပ်လမ်းမပေါ်ရှိ FMI အဆောက်အအုံ၊ ဂရင်းမီးရထားဟိုတယ် နှင့် မြန်မာ့မီးရထားအဆောက်အအုံများ ပါဝင်သော မြေဧရိယာ ၁၀ ဧကခန့် (စတုရန်းပေ နှစ်သန်းခန့်) ပေါ်တွင် ကြယ်ငါးပွင့်အဆင့်ရှိ ကွန်ဒိုမီနီယံနှင့် ဟိုတယ်၊ ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်နှင့် လက်လီစတိုးဆိုင်၊ အခြား အထပ်မြင့်ရုံး အဆောက်အအုံနှစ်ခုတို့ ပါဝင်သော အမေရိကန်ဒေါ်လာသန်း ၃၃၀ ခန့်ကုန်ကျမည့် စီမံကိန်းကြီးကို အကောင်အထည်ဖော်သွားမည်ဖြစ် ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြပါရှိသည်။
အဆိုပါနေရာများကို ပိုင်ဆိုင်သော SPA - Serge Pun & Associates (Myanmar) ကုမ္ပဏီ၏ လက်အောက်ခံ မီးရထားနိုင်ငံတကာ ဟိုတယ်လီမိတက် (Meeyahta International Hotel Ltd.) ၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်း (တန်ဖိုး အမေရိကန်ဒေါ်လာ ၈၁ သန်းခန့်) ကို ဝယ်ယူခဲ့ကြောင်း ဖော်ပြထားသည်။
“ဒီအဆောက်အအုံက ရန်ကုန်မှာ တော်တော်ရှားပါးတဲ့ ဂဝံအဆောက်အအုံဆိုတော့ သေသေချာချာထိန်းသိမ်း သင့်တယ်။ သူတို့ဘက်က သေချာပြင်မယ်ဆိုရင်တော့ကောင်းတာပေါ့။ ဟိုတယ်လုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောလိုတော့ပါဘူး” ဟု သမိုင်းပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားသည်။
နိုင်ငံရေးအရ ပွင့်လင်းမြင်သာမှုရှိလာခြင်းနှင့် နိုင်ငံတကာမှ အရေးယူပိတ်ဆို့မှုများ လျှော့ချလိုက်ခြင်းတို့ ကြောင့် နိုင်ငံတကာမှ ဧည့်သည်များ ပိုမိုဝင်ရောက် လာသော်လည်း ရန်ကုန်မြို့တွင် ဟိုတယ်အခန်းပေါင်း ၈၀ဝ၀ ခန့်သာရှိပြီး နိုင်ငံတကာအဆင့်မီအခန်း အရေအတွက် ၁၅၀ဝ နှင့် ၂၅၀ဝ ကြားသာ ရှိသောကြောင့် အဆင့်မြင့်ဟိုတယ်များ တည်ဆောက်၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သင့်ကြောင်း ကမ္ဘာကျော် Jones Lang LaSalle Hotels မှ သုတေသနပြု ထုတ်ပြန်သော Hotel Intelligence Report-Market Insight Yangon စာတမ်းတွင် ဖော်ပြထားသည်။ „

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။