Tuesday, November 27, 2012

မြောက်ကိုရီးယားနှင့် ဆက်ဆံရေး လျော့ ကျအောင် မြန်မာကြိုးပမ်းလျက်ရှိဟု ဝါရှင်တန်ပြောကြား


မြန်မာနိုင်ငံသည် မြောက် ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု လျှော့ချနိုင်ရေး မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု လျှော့ချနိုင်ရေး အတွက် အပေါင်း လက္ခဏာ ဆောင်သော လုပ်ဆောင်မှုများ လုပ်ကိုင် လာပြအတွက် အပေါင်း လက္ခဏာ ဆောင်သော လုပ်ဆောင်မှုများ လုပ်ကိုင် လာပြီမြန် AP ဖြစ်သည်ဟု အိမ်ဖြူတော်၏ သတင်း ထုတ်ပြန်မှု ကိုဖြစ်သည်ဟု အိမ်ဖြူတော်၏သတင်းထုတ်ပြန်မှုကို ဗဏဗဏ သတင်းဌာနက ကိုးကားသတင်းဌာနက ကိုးကား ဖော်ပြသည်ဖော်ပြသည်။


အမေရိကန်သမ္မတ ဘားရက်ခ် အိုဘားမား မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် သမိုင်းဝင် ခရီးစဉ် မစတင်မီ တစ်ရက်အလိုတွင် မြန်မာ-မြောက် ကိုရီးယား ဆက်ဆံရေးများ နှင့်ပတ်သက်၍ အိမ်ဖြူတော်က ထိုသို့ သတင်း ထုတ်ပြန်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် မြောက်ကိုရီး ယား (ပြုံယမ်း) အစိုးရနှင့် စစ်ရေးနှင့် နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများကို အချိန်ကာလကြာမြင့်စွာ လုပ်ဆောင်ခဲ့သည်ဟု အမေရိကန် ပြည်ထောင်စုအပါအဝင် အနောက် နိုင်ငံများက သံသယဖြစ်ခဲ့ကြသည်။
“မြောက်ကိုရီးယားနဲ့ မြန်မာ ဆက်ဆံရေး လျှော့ချဖို့လိုအပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ကျွန်တော်တို့ စေ့စပ်ဆွေးနွေးပြီးပါပြီ” ဟု အမေရိကန်ပြည်ထောင်စု ဒုတိယ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Bean Rhodes က သမ္မတအိုဘားမားအာရှဒေသသို့ Air Force One လေယာဉ် ဖြင့် သွားရောက်စဉ် ယင်းလေယာဉ် ပေါ်၌ ပြောကြားသည်။
“အဲဒီကိစ္စနဲ့ပတ်သက်လို့ အပေါင်း လက္ခဏာဆောင်တဲ့လုပ်ရပ် တချို့ သူတို့ လုပ်ကိုင်ထားတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ကျွန်တော်တို့တွေ့မြင်လို တာကတော့ မြန်မာနဲ့ မြောက်ကိုရီးယား အကြားမှာရှိထားတဲ့ ဆက်ဆံရေး အဆုံးသတ်သွားတာကိုပါပဲ”ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံနှင့် စစ်ဘက်အချင်း ချင်း စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ ကနဦး လုပ်ဆောင်ချက်များကို ဝါရှင်တန်က စတင်လုပ်ကိုင်ထားပြီးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနှင့်ပြုလုပ်သည့် နှစ်စဉ် စစ်ရေးလေ့ကျင့်မှုများတွင် ပူးပေါင်း ပါဝင်နိုင်ရေးအတွက် မြန်မာနိုင်ငံအနေ ဖြင့် မျှော်လင့်နိုင်ပြီဖြစ်ကြောင်း ၄င်းက မှတ်ချက်ပေးပြောဆိုသည်။
အမေရိကန်သမ္မတအိုဘားမားက ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ်တွင် နိုဝင်ဘာလ ၁၉ ရက်နေ့က မိန့်ခွန်း ပြောကြားရာ၌ နျူကလီးယား လက်နက် များ ဖျက်သိမ်းပစ်ပြီး ငြိမ်းချမ်းကာ ဖွံ့ဖြိုးတိုးတက်မှုရှိသော လမ်းကြောင်း ကို ရွေးချယ်မည်ဆိုပါက အမေရိကန် ပြည်ထောင်စုထံမှ အကူအညီပေးမှုများ ရရှိလိမ့်မည်ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံကို ရည်ရွယ်ပြောဆိုသည်။ ယခင်က မြန်မာနှင့် မြောက် ကိုရီးယားအကြား စစ်ရေးဆက်ဆံမှု များ လုပ်ဆောင်လျက်ရှိသည်ဟူသော သတင်းများပေါ်ထွက်ခဲ့ရာ အမေရိကန် အစိုးရနှင့် အာဆီယံနိုင်ငံများ စိုးရိမ် ပူပန်ခဲ့ရသည်။
သို့သော် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံအနေဖြင့် မြောက်ကိုရီးယားမှ နျူကလီးယား နည်းပညာများ ရရှိရန်ကြိုးပမ်းခဲ့သည် ဟူသောကိစ္စမှာ မှန်ကန်မှုမရှိကြောင်း ငြင်းဆိုထားပြီးဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ကုလသမဂ္ဂ အစီရင်ခံစာတွင် မြောက်ကိုရီးယား သည် ပိတ်ပင်ထားသော နျူကလီးယား နှင့် ပဲ့ထိန်းဒုံးကျည်တပ်ဆင်နိုင်သော ပစ္စည်းများကို မြန်မာ၊ အီရန်နှင့် ဆီးရီးယားနိုင်ငံတို့သို့ ထောက်ပံ့လျက် ရှိသည်ဟု စွပ်စွဲဖော်ပြခဲ့သည်။
မြန်မာ နိုင်ငံက နျူကလီးယားလက်နက်များ တပ်ဆင်နိုင်လောက်အောင် ချမ်းသြွာကယ်ဝ သောနိုင်ငံမဟုတ်ပါကြောင်း၊ ရုရှားနိုင်ငံ ကျောထောက်နောက်ခံပေးမှုဖြင့် ငြိမ်းချမ်းမှုရှေးရှုသော နျူကလီးယား အစီအစဉ်တစ်ရပ်ကို လုပ်ဆောင်ခဲ့သော် လည်း နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှု ကြောင့် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း မြန်မာ အစိုးရက အသိပေးပြောဆိုထားသည်။ „

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။