ယာဉ်တိုက်မှုကြောင့် အဌားယာဉ် ဆလွန်းကား ခေါင်းပိုင်း ပျက်စီးမှု ရှိပြီး ထိခိုက် ဒဏ်ရာရသူ မရှိသော်လည်း ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ကမ်းနားလမ်းမ တလျှောက် တနာရီကျော်ကြာ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

ယာဉ်ကြော ပိတ်ဆို့စဉ် အခြား ကွန်တိန်နာယာဉ် တစီး နောက်ပြန်ဆုတ်ရာမှ အိမ်စီး ဆလွန်းကား တိုယိုတာ မတ်တူး ရွှေငါး တစီးအား တိုက်မိပြီး ဆလွန်းကား စက်ခေါင်းဖုံး အနည်းငယ် ပျက်စီးသွားခဲ့သည်။
ကမ်းနားလမ်းမ တလျှောက်သည် ကုန်တင်ယာဉ် ကြီးများ၊ ကွန်တိန်နာ တင်ယာဉ်ကြီးများ၊ သစ်လုံးတင် ယာဉ်ကြီးများ
ဖြတ်သန်း သွားလာမှု များပြားပြီး ယာဉ်ကြီးများနှင့် ယာဉ်ငယ်များ မကြာခဏ တိုက်မှု ဖြစ်ပွားလေ့ရှိကာ လူ ထိခိုက်သေဆုံးမှု များပြားလေ့ ရှိသည်။
ဆိပ်ကမ်းသို့ လာရောက်သော ကွန်တိန်နာယာဉ်ကြီးများနှင့် ကုန်တင်ယာဉ်ကြီးများ သီးသန့် သွားလာရန် ဆိပ်ကမ်း လမ်းမတခုကို ဗိုလ်တစ်ထောင် ဘုရားအနီး ကမ်းနားမှ ကြည့်မြင့်တိုင် မြို့နယ် အေးရှားဝေါလ် ဆိပ်ကမ်း၊ သီရိမင်္ဂလာ
ဈေးဟောင်း နေရာအထိ လွန်ခဲ့သော တနှစ်ခန့်မှ စတင်ဖောက်လုပ်ပြီးစီးနေပြီ ဖြစ်သော်လည်း လမ်းဖွင့်ပွဲကို ယခု အချိန်တိုင် ပြုလုပ်နိုင်ခြင်း မရှိသေးပေ။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။