Tuesday, November 27, 2012

Huawei C8950D ဟန်းဆက် ဈေးကွက်အတွင်း ရောက်ရှိ

Huawei C8950D ဟန်းဆက် ဈေးကွက်အတွင်း ရောက်ရှိ
မြန်မာနိုင်ငံတွင် လူသုံးများ၍ ဈေးနှုန်း သင့်တော်သော Huawei အမှတ် တံဆိပ်မှ C8950D model ဟန်းဆက် အသစ် တစ်မျိုး ဈေးကွက် အတွင်းသို့ ရောက်ရှိ လာကြောင်း သိရသည်။

 ယခု အသစ်ထွက်ရှိ လာသော Huawei ဟန်းဆက်သည် Screen အကျယ် ၄ .၅ လက်မနှင့် Android OS 4.0 ကို အသုံးပြုထားသည်။ CDMA နှင့် GSM Sim Card နှစ်မျိုး ထည့်သွင်း အသုံးပြုနိုင်ပြီး ကင်မရာမှာ 8.0 Mega Pixel ရှိသော ကြောင့် အတော်အ တန်ကောင်းမွန်သော ကင်မရာ ပါရှိသည်။ Huawei C8950D ကို ကျပ်တစ်သိန်းခုနှစ်သောင်းဝန်းကျင်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။
Huawei ဟန်းဆက် များသည် မြန်မာ ပြည်တွင် ရွေးချယ်ဝယ်ယူစရာ model များပြားပြီး ဈေးနှုန်းအနေဖြင့်လည်း ချို သာစွာဖြင့် အသုံးပြုနိုင် သောကြောင့် ရောင်းအား အကောင်းဆုံးနေရာ တွင် ရပ်တည်လျက်ရှိကြောင်း သိရှိရသည်။
Huawei C8950D ဟန်း ဆက်များကို ဝယ်ယူ လိုပါက အမှတ် ၁၆၁၊ လသာလမ်း (အပေါ်) လသာ မြို့နယ်ရှိ Mobile House Sale & Service Center တွင် ဝယ်ယူနိုင် ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။