ရေအောက်တွင် သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ခြင်းဖြစ်ပြီး ထိုသို့ ဖြစ်ပွားမှုကြောင့် မော်တော်ယာဉ်များ စီအမ်ဂျီဓာတ်ငွေ့ ပေးဝေမှု အနည်းငယ်လျော့နည်းမှု ရှိနိုင်သော်လည်း ရပ်ဆိုင်းမည်မဟုတ်ကြောင်း သိရှိရသည်။
''ရေအောက်မှာရှိတဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းက ဆွေးပြီးပေါက်တာပါ။ ပိုက်လိုင်းပြုပြင်ရေးဌာနက လုပ်သားတွေ နေ့လယ် ၁၂ နာရီကျော်ကနေ စတင်ပြင်ဆင်ခဲ့တာ နေ့လယ် ၁ နာရီ ၄၅ မိနစ်မှာ ပြင်ဆင်ပြီးသွားပါတယ်။ မော်တော်ယာဉ်တွေကို သဘာဝဓာတ်ငွေ့ ထုတ်ပေးတာတွေ ရပ်ဖို့တော့ မရှိပါဘူး'' ဟု ပြောကြားခဲ့သည်။
အဆိုပါပိုက်လိုင်းမှာ ညောင်တုန်းမှ ရန်ကုန်သို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်ရန် သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။