Tuesday, November 27, 2012

မုံရွာမြို့တွင်း သံဃာတော် အပါး ၃၀၀ ဆန္ဒထုတ်ဖော် လှည့်လည်


မုံရွာမြို့၊ဇောတိက ရာမကျောင်းတိုက်မှ သံဃာတော် အပါး ၂၀၀ ကျော်သည် လက်ပန်းတောင်းတောင်ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒဖော် ထုတ်ရန် အတွက် နိုဝင်ဘာလ ၂၆ ရက်မွန်းလွဲ ၂ နာရီခွဲအချိန်မှစတင်ကာ မုံရွာမြို့ကျောက္ကာလမ်းမကြီး အတိုင်း ချင်းတွင်းမြစ်ဆိပ်ကမ်း နန်ချွန် ဇက်ကူးတို့ဆိပ်သို့ခြေလျင်ကြွရောက်ခဲ့ကြောင်းသိရှိရသည်။

“နန်ချွန်ဇက်ကူးတို့ဆိပ်အရောက်မှာ မုံရွာဘက်ကမ်းက စက်လှေတွေအနောက်ဘက်ကိုအမြန်ဆုံးမောင်း သွားတယ်။သက်ဆိုင်ရာက အနောက်ဘက်ကမ်းကိုမသွားဖို့လာတားတယ်။ကားနဲ့သွားဖို့စီစဉ်တော့လည်း တားတယ်။တားတဲ့သူကိုယ်တိုင် လာတောင်းပန် မှပြန်ကြွမယ်။ မတောင်းပန်မချင်း နန်ချွန်ဆိပ်မှာထိုင်ပြိးသပိတ်မှောက်သွားမယ်”ဟုနန်ချွန်ဇက်ဆိပ်တွင် လက်ပန်းတောင်းတောင်အရေးတောင်းဆိုနေသော ဆရာတော်တစ်ပါးကမိန့်ကြားသည်။
လက်ပန်းတောင်းတောင်ကြေးနီ စီမံကိန်းလုံးဝရပ်ဆိုင်းရေးအတွက် ဆန္ဒထုတ်ဖော်ရန်ကြွှရောက်သောဆရာတော်များအားသက်ဆိုင်ရာက တားမြစ်ခဲ့ပြီးနောက် မုံရွာမြို့နန်ချွန်ဇက်ကူးတို့ဆိပ်တွင် သပိတ်စခန်းဖွင့်၍ တောင်းဆိုဆန္ဒထုတ်ဖော်နေကြောင်းသတင်းရရှိသည်။ ဓာတ်ပုံ-မျိုးမင်းဦး 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။