Tuesday, November 27, 2012

တစ်ပတ်အတွင်း တောင်းရမ်းစားသောက် သူ ၂၀ဝ ဝန်းကျင်ကို ဖယ်ရှားနိုင် ခဲ့ပြီဟု သိရ


တစ်ပတ် အတွင်း တောင်းရမ်း စားသောက်သူ ၂၀ဝ ဝန်းကျင်ကို ဖယ်ရှားနိုင် ခဲ့ပြီဟု သိရရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ရပ်ကွက် တွေမှာ တောင်း ရမ်း စားသောက်နေသူတွေ

နိုင်ငံခြားသား ဧည့်သည်များ အဝင် အထွက်ရှိတဲ့ သမိုင်းဝင် အဆောက်အအုံ ဝန်းကျင်တွေမှာ ပုံစံမျိုးစုံနဲ့ တောင်း ရမ်းစားသောက်နေသူတွေကို မြို့ တော်လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်း ရေးဌာန စည်ပင်သာယာရဲတပ်ဖွဲ့မှ ဖယ်ရှားရှင်းလင်းခဲ့ရာ တစ်ပတ်အ တွင်း တောင်းရမ်းစားသောက်သူ ပေါင်း ၂၀ဝ ဝန်းကျင်ခန့်ကို ဖယ်ရှား ရှင်းလင်းနိုင်ခဲ့ တယ်လို့ မြို့တော် စည် ပင်သတင်းများ အရ သိရှိရပါတယ်။
ဒီလို ဖယ်ရှားရှင်းလင်း ထိန်းသိမ်းနိုင် ခဲ့သူ၊ တောင်းရမ်းစားသောက်သူများ အား သင့်တော်ရာနေရာဒေသအသီး သီးကို ပို့ဆောင်ပေးခဲ့ရာမှာ ဝါးနက် ချောင်းကို ၃၅ဦး၊ ရဲဘက် ၄၁(ခ)ဖြင့် ထိန်းသိမ်းခဲ့ရသူ ၃၅ဦး၊ ငှက်အော်စမ်း လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းများ သို့လည်း ပို့ဆောင်ပေးခဲ့ရတာတွေရှိ ကြောင်းလည်း သိရပါတယ်။လူမှုဝန် ထမ်းဦးစီးဌာနမှာ အလုပ်လုပ်ကိုင်လို သူများကိုလည်း အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးခဲ့ကြောင်း၊ ထို့အတူ တောင်းရမ်းစားသောက်သူ သက်ကြီးရွယ်အိုများကိုလည်း ဘိုး ဘွားရိပ်သာများကိုလည်း ပို့ဆောင် ပေးခဲ့ရကြောင်း သိရပါတယ်။ တချို့က အကောင်းကြီး တွေ၊ အနေချောင်၊ အစားချောင်လို့ ပုံစံ အမျိုးမျိုးနဲ့ တောင်းရမ်းစားသောက် နေတာတွေလည်း ရှိတယ်။
ဒါမျိုးတွေက မဖြစ်သင့်ဘူး။ အချောင်သမား စိတ်ဓာတ်မျိုးဖြစ်သလို နိုင်ငံ့ဂုဏ်သိ က္ခာကိုလည်း ကျစေတယ်။ တချို့ တွေဆို ခန္ဓာကိုယ်အနှံ့ ယင် တလောင်း လောင်းနဲ့ ပတ်တီးတွေစည်းပြီး ပြည် ပဧည့်သည်တွေဆီက အတင်းအကျပ် လိုက်တောင်းနေတာမျိုးတွေကို တွေ့ ရတော့ နိုင်ငံလည်း သိက္ခာကျတယ်လို့ ပြည်တွင်းခရီးသွားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဂိုက်ဝန်ထမ်းတစ်ဦး က အခုလိုမှတ်ချက်ပေး ပြောကြားခဲ့ တာကို လည်း သိရှိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။