Tuesday, November 27, 2012

ကမ္ဘောဒီးယား ACLEDA ဘဏ် ပြည်တွင်း ၌ ငွေချး လုပ်ငန်း လာရောက် လုပ်မည်

ကမ္ဘောဒီးယား ACLEDA ဘဏ် ပြည်တွင်း ၌ ငွေချး လုပ်ငန်း လာရောက် လုပ်မည်
ကမ္ဘောဒီးယား နိုင်ငံမှ ACLEDA ဘဏ်သည် အသေးစား ငွေစု ငွေချေး လုပ်ငန်း လုပ်ကိုင်ရန် လာမည့်နှစ်တွင် မြန်မာ၌ ရုံးခွဲများ လာရောက် ဖွင့်လှစ်မည်ဟု သိရသည်။


၎င်းတို့ ၏ ရုံးခွဲများကို ရန်ကုန်၊မန္တလေးနှင့်ပဲခူးမြို့တို့တွင် ဖွင့်လှစ်ရန်စီစဉ်ထားပြီး ထိုရုံးများအတွက် မြန်မာ ၀န်ထမ်း ၂၆ ယောက်ကို ကမ္ဘောဒီးယား ၊ဖနွမ်းပင်မြို့တွင် လုပ်ငန်းခွင်သင်တန်း ပေးလျှက်ရှိသည်။ လုပ်ငန်းခွင်သင်တန်းကိုမြန်မာအမျိုးသမီးသင်တန်းသူ ၂၃ ဦးနှင့်အမျိုးသားသုံးဦးတတ်ရောက်နေပြီး သင်တန်းကာလမှာ ယခုလ ၁၈ ရက်မှစတင်ကာ ဇန်န၀ါရီအထိ သင်ကြားရမည်ဟုသိရသည်။
နေစရိတ်စားစရိတ်ငြိမ်းဖြင့် သင်တန်းကာလအအတွင်း တစ်ဦးလျှင် ကန်ဒေါ်လာ ၁၅ ရရှိကြောင်းသိရသည်။ မြန်မာ၌ အသေးစားငွေစုငွေချေးလုပ်ငန်းလုပ်ကိုင်နိုင်မှုသည် အဓိက လိုအပ်နေသည့် ဈေးကွက်လိုအပ်ချက်၏ ၁၀% ခန့်ပင် ရှိသည်ဟု ကမ္ဘောဒီးယားရှိ ဥပဒေအကြံပေးအဖွဲ့ Sciaroni & Associates မှာအကြီးအကဲ တစ် ဦးဖြစ်သည့် Mr Bretton G. Sciaroni ကပြောသည်။ မြန်မာနိုင်ငံ၌ အသေးစားအလတ်စားစက်မှုလုပ်ငန်းများအတွက် အထူးချေးငွေအဖြစ်အစိုးရမှ အတိုးနနု်း ၁၂ % ဖြင့် ချေးပေးလျှက်ရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။