Tuesday, November 27, 2012

၂၀၁၃ ခုနှစ် ကုန်ပိုင်းတွင် လုံခြုံရေး တာဝန်ကို အာဖဂန် တပ်ဖွဲ့များ လွှဲပြောင်း ရယူမည်


အာဖဂန် အစိုးရတပ်ဖွဲ့ သည် နေတိုး ဦးဆောင်သည့် ညွန့် ပေါင်း တပ်ဖွဲ့များ ထံမှ
လုံခြုံရေး တာဝန် ကို သတ်မှတ် ကာလထက် တစ်နှစ် စောပြီး ၂၀၁၃ခုနှစ်ကုန်ပိုင်းတွင် အ ပြည့်အဝလွှဲပြောင်းယူတော့မည် ဖြစ် ကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အင်္ဂါ နေ့တွင် ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်ကုန်ပိုင်းတွင် လုံခြုံရေး တာဝန်ကို အာဖဂန် တပ်ဖွဲ့များ လွှဲပြောင်း ရယူမည်



"အာဖဂန် အမျိုးသားလုံခြုံရေးတပ်ဖွဲ့ (ANSF) အထူးသဖြင့် အာဖဂန်အမျိုးသားတပ် မတော် (ANA)သည် ညွန့်ပေါင်းတပ် ဖွဲ့ထံမှ လုံခြုံရေးတာဝန်များကို ၂၀၁၃ ခုနှစ်ကုန်ပိုင်းတွင် လွှဲပြောင်းရယူရန် အားလုံး အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း ဗိုလ်ချုပ်ဇီယာအာဇီမီက သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၃နှစ်နီး ပါးက အာဖဂန်နစ္စတန်တွင် တပ်ဖြန့် ထားခဲ့သော အင်အား ၃၃၀ဝ၀ရှိ အမေရိကန်၏ နောက်ဆုံးတပ်မဟာ ကို ယခုနှစ်စက်တင်ဘာလက ရုပ်သိမ်းခဲ့ပြီး အာဖဂန်မှ မထွက်ခွာမီ စစ်အခြေစိုက် စခန်း ၅၅၀ကို ပိတ် သိမ်းခြင်း သို့မဟုတ် အာဖဂန်စစ် တပ်သို့ လွှဲပြောင်းခြင်းများ ပြုလုပ် ခဲ့ကြောင်း အာဇီမီက ထပ်လောင်း ပြော ကြားခဲ့သည်။
နိုင်ငံတကာ တပ်ဖွဲ့များနိုင်ငံမှ ထွက်ခွာချိန် ၂၀၁၄ ခုနှစ်ကုန်ပိုင်းတွင် လေ့ကျင့် ထားပြီး လက်နက်အပြည့်အဝ တပ် ဆင်ထားသည့် အာဖဂန်လုံခြုံရေး တပ် ဖွဲ့ဝင်အရေအတွက်သည် ၃၅၀ဝ၀ဝခန့် ရောက်ရှိလာမည်ဖြစ် ကြောင်း၊ ယခုအခါ နေတိုးဦး ဆောင်သည့် တပ်ဖွဲ့ဝင်အရေအတွက် ၁၀ဝ၀ဝ၀ခန့်ရှိနေပြီး ၆၈၀ဝ၀မှာ အမေရိကန်များ ဖြစ် ကြောင်း သူက ဆက်လက်ပြောကြား ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။