Tuesday, November 27, 2012

အမြန် လမ်းမကြီးပေါ် ရဲစခန်း အသစ် နှစ်ခု ထပ်မံ ဖွင့်မည်


ရန်ကုန်-နေပြည်တော်- မန္တလေး အမြန် လမ်းမကြီး ပေါ်တွင် လုံခြုံရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းဆောင်ရွက်ရန် အတွက်ရဲစခန်းအသစ်နှစ်ခုထပ်မံဖွင့်လှစ်ရန်စီစဉ်နေကြောင်းအမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးက ပြောသည်။


ယင်းအမြန် လမ်းမပေါ်တွင် အောက်တိုဘာလအတွင်းက ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှု (၁၇) မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၇ ဦးနှင့် ဒဏ်ရာရရှိသူ ၂၂ ဦး ရှိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလအတွင်းတွင် ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှု (၁၀)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာ ရရှိသူ ၂၈ ဦးရှိခဲ့သည်။
အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားသော မှုခင်းများအနက် ယာဉ်မောင်းများမှ ယာဉ်အား မဆင် မခြင်မောင်းနှင်ခြင်း၊ လမ်းညွန်ပြသထားသည့် သတ်မှတ်ရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း၊ ယာဉ်မောင်းမှ အိပ်ငိုက်ခြင်းနှင့် မူးယစ်သောက်စား မောင်းနှင်ခြင်းတို့အပြင် ယာဉ်ကြံ့ခိုင်မှုမရှိခြင်းကြောင့်စက်ချို့ယွင်းကာ ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွားနေသည်ဟု ၄င်းက ပြောသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။