Tuesday, November 27, 2012

သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို နံပတ် ၁ အတွေးအခေါ်ရှင် အဖြစ် ရွေးချယ်



2012-11-27
အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ အခြေစိုက် နိုင်ငံခြား ရေးရာ မူဝါဒဆိုင်ရာ Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၂ ခုနှစ်ရဲ့ ကမ္ဘာ့ အတွေးအခေါ်ရှင် ၁၀၀ စာရင်းမှာ နံပတ် ၁ ထိပ်ဆုံးနေရာအတွက် မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို ရွေးချယ် ဖော်ပြလိုက်ပါတယ်။

MRTV
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော် သမ္မတ အိမ်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် သတင်းကို မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့စဉ် မြင်ကွင်း ဖြစ်ပါသည်။
အရှေ့ အလယ်ပိုင်းဒေသ၊ အာရပ် ဒီမိုကရေစီ အရေးတော်ပုံ၊ တိုက်ပွဲတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ အီရန် နျူကလီးယား တင်းမာမှုစတဲ့ ကမ္ဘာ့ အကြပ်အတည်း စိန်ခေါ်မှု အခြေအနေတွေနဲ့ ပြည့်ခဲ့တဲ့ ၂၀၁၁ နှစ်ကနေ ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ အတွေးခေါ်ရှင် စာရင်း ရွေးချယ်ရတာ ခက်ခဲနေချိန်မှာ မြန်မာနိုင်ငံက ဒီမိုကရေစီအရေး အသွင်ကူးပြောင်းမှုဟာ ဆုရွေးချယ်ရေးအတွက် အထောက်အကူ ဖြစ်ခဲ့ပါတယ်လို့ ရေးသားပါတယ်။
ယခုနှစ်အတွက် ထိပ်ဆုံးနေရာမှာ ဂုဏ်ပြုဖို့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ စစ်အာဏာရှင်စနစ်ကနေ အတိုက်အခံတွေကို လက်ကမ်းကြိုဆိုခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းတဖြစ်လဲ သမ္မတ ဦးသိန်းစိန်ကို ရွေးချယ်ဂုဏ်ပြုရတာဟာ ကြည်နူးစရာ ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း  မဂ္ဂဇင်းအယ်ဒီတာအဖွဲ့က ရေးပါတယ်။
ယခုနှစ် အတွေးခေါ်ရှင်များစာရင်းမှာ နံပတ် ၁ အဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်၊ နံပါတ် ၂ နေရာ အတွက် တူနီးရှား သမ္မတ မွန်ကက် မာဇိုးကီး Moncef Marzouki၊ နံပတ် ၃ က အမေရိကန်သမ္မတဟောင်း Bill Clintonနဲ့ ဇနီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး Hillary Clinton၊ နံပတ် ၅ က မိုက်ကရိုဆော့ဖ် တည်ထောင်သူ Bill Gates ဇနီးဖြစ်သူ Melinda Gates ၊ နံပတ် ၆ နေရာ ရရှိသူကတော့ ပါကစ္စတန်နိုင်ငံမှာ တာလီဘန် အစွန်းရောက်တွေက အမျိုးသမီးကလေးတွေ ပညာမသင်ရ ပိတ်ပင်တာကို ရဲရဲဝံ့ဝံ့ ထုတ်ဖေါ်ပြောခဲ့တာကြောင့် တိုက်ခိုက်ခံခဲ့ရတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေး Malala Yousafzai  ကို ရွေးချယ် ဂုဏ်ပြုလိုက်သလို ၊ နံပတ် ၇ နေရာကိုတော့ လက်ရှိအမေရိကန်သမ္မတ ဘားရက်အိုဘားမား တို့ကို ရွေးချယ်ဖော်ပြထားပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။