Tuesday, November 27, 2012

ကုန်တင်ယာဉ် တန်ချိန် သတ်မှတ် ချက်နှင့် ကောက်ခံနှုန်းထားများ အသစ်ပြင်ဆင်မည်

ကုန်တင်ယာဉ် တန်ချိန် သတ်မှတ် ချက်နှင့် ကောက်ခံနှုန်းထားများ အသစ်ပြင်ဆင်မည်
၂၀၁၂ ဒီဇင်ဘာ ၁ ရက်နေ့မှစကာ ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ကုန်တင်ယာဉ် တန်ချိန် သတ်မှတ်ချက်နှင့် ကောက်ခံ နှုန်းထားများ အသစ်ပြင်ဆင် သတ်မှတ်မည် ဟု သိရသည်။


ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိသော လမ်း/ တံတားများ ပေါ်တွင် သွားလာသည့် ယာဉ်များအတွက် ဝင်ရိုးတန်းနှင့် ဘီး အရေအတွက် အလိုက် (ယာဉ်+ကုန်) ခွင့်ပြု တန်ချိန် များကို ဖြေလျှော့ ၍ ပြင်ဆင် သတ်မှတ်ချက် တစ်ခု ထုတ်ပြန်ခဲ့ရာ တချို့ယာဉ်များ အတွက်ကုန်တန်ချိန်များ ပိုမိုတင်ဆောင် ခွင့်ပြုခဲ့ကြောင်း သိရသည်။ ယင်းပြင်ဆင် သတ်မှတ်ချက် အရ (၁ဝ) တန်အောက် ယာဉ်ငယ် များလည်း ယခင်ထက် ပိုမို တင်ဆောင်ခွင့် ရမည်ဖြစ်ပြီး ဟီးနိုး/ နီဆန်း/ ကွန်ဒို (၆)ဘီး ကားများကို (၁ဝ) တန်မှ (၁၆) တန်၊ TE-11 / TE-21/ GMC/ Fuso/UDကောင်တာ (၆)ဘီး ကားများကို (၁၃) တန်မှ (၁၆)တန်၊ မှန်လုံ ခရီးသည် ယာဉ်ကြီး (၄၆ဦးနှင့် အထက်)ကို (၁၇)တန်မှ (၁၈)တန်၊ (၁ဝ)ဘီး ကားကို (၂၁)တန်မှ (၂၃)တန်၊ (၁၂) ဘီးကားကို (၂၅)တန်မှ (၂၇)တန်၊ (၁၄)ဘီးကား (Lift Axle) ကို (၂၅)တန်မှ (၃၁) တန်အထိ အသီးသီး ပိုမို တင်ဆောင်ခွင့် ရကြမည် ဖြစ်သည်။
ကတ္တား တစ်ခုနှင့် တစ်ခု လွဲမှားမှု အတွက် ကင်းလွတ် ခွင့်ပြုချက် ကိုလည်း ( သုည ဒသမ ၅ဝ) တန်မှ (သုည ဒသမ ၉ဝ) တန်အထိ တိုးမြှင့် ခွင့်ပြု ခဲ့ကြောင်းနှင့် ဟိုင်းလပ်/ ဒိုင်နာ ယာဉ်များ အနေဖြင့် ခရီးသည် တင်ဆောင် လာပါက ကတ္တား ချိန်တွယ်ရန် မလိုဘဲ ကုန်တင်ဆောင် လာပါက ကတ္တား ချိန်တွယ်ရမည် ဖြစ်ကြောင်း သိရသည်။ ပြင်ဆင် သတ်မှတ်ချက် အရ နွေကာလနှင့် မိုးတွင်း ကာလဟု နှစ်မျိုးခွဲခြား သတ်မှတ် ထားပြီး အောက် တိုဘာ ၁ ရက်မှ မေ ၁၅ ရက် အထိကို နွေကာလ ဟူ၍လည်းကောင်း၊ မေ ၁၆ ရက်မှ စက်တင်ဘာ ၃ဝ ရက် အထိကို မိုးတွင်းကာလ ဟူ၍လည်းကောင်း သတ်မှတ် ထားကြောင်းနှင့် ၂ဝ၁၅ ခုနှစ်တွင်မူ အာဆီယံ စံနှုန်းများ အတိုင်း ပြင်ဆင် သတ်မှတ်မည် ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။