Tuesday, November 27, 2012

ဈေး ပြန်အတက်တွင် ရွှေထည် ပြန်ရောင်းသူ များပြား

ဈေး ပြန်အတက်တွင် ရွှေထည် ပြန်ရောင်းသူ များပြား
ရန်ကုန် ရွှေလက်လီ ဈေးကွက် တွင် ရွှေဈေး ကျပ်နှစ်သောင်း နီးပါး မြင့်လာချိန်၌ ထုတ်ရောင်းလျှင် မြတ်မည်ဟု ယူဆ ပြီး ရွှေကုန် ရွှေလက်လီ ဈေးကွက်တွင် ရွှေဈေးကျပ်နှစ်သောင်း နီးပါး မြင့်လာချိန်၌ ထုတ်ရောင်းလျှင် မြတ်မည်ဟု ယူဆပြီး ရွှေ ထည်များ ပြန်လည် ရောင်းချလိုသူ သိသိသာသာ များလျက် ရှိကြောင်း တိတ်ချိန်ရွှေဆိုင်မှ လုပ်ငန်းရှင် ဦးဇော်အောင်က ထည်များ ပြန်လည်ရောင်းချလိုသူ သိသိသာသာများလျက်ရှိကြောင်း တိတ်ချိန်ရွှေဆိုင်မှ လုပ်ငန်းရှင်ဦးဇော်အောင်က The Voice Weekly သို့ ပြောကြားသည်။ 


လွန်ခဲ့သည့် ခြောက်လနှင့် နှိုင်း ယှဉ်လျှင် ယခုရက်ပိုင်းရွှေပြန်သွင်းသူ များပြားနေကြောင်း၊ တစ်ကျပ်သားကို ကျပ်ခုနစ်သိန်းကိုးသောင်းဖြစ်စဉ်ကလည်း ပြန်သွင်းသူများခဲ့ကြောင်း၊ ကားဈေးများ ကျလာချိန်တွင် ကားစီးလိုသူအချို့က လည်း ရွှေထုတ်ရောင်းပြီး ကားဝယ်နေ ကြောင်း ရွှေပြန်ရောင်းသူများခြင်း အကြောင်းကို ၄င်းကရှင်းပြသည်။
ပြည်တွင်းရွှေဈေးကွက်မှ လက်ကား (အပိုင်း) အရောင်းအဝယ်မှာ ပုံမှန်သာ ရှိပြီး ယခင်ထက်စာလျှင် လက်ရှိရွှေဈေး မှာ အမြင့်ပိုင်းတွင်ရှိ၍ လာရောက်ပြန် သွင်းသူ များပြားလျက်ရှိကြောင်း အဓိက အားဖြင့် ရွှေပြန်သွင်းသူများမှာ ရွှေဈေး ကျချိန်တွင် ဝယ်ယူစုဆောင်းထားပြီး ကြိုက်ဈေးရောက်ချိန်တွင် ပြန်လည်ထုတ် ရောင်းချသူများကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဦးဝင်းမြင့်က မှတ်ချက်ပြုပြောဆိုသည်။
လွန်ခဲ့သည့် ၂ နှစ်ခန့်က ဝယ် ထားသည့် နှစ်ကျပ်သားလက်ကောက် တစ်ကွင်းကို ပြန်ထုတ်ရောင်းရာ ကျပ် လေးသောင်းနီးပါးအမြတ်ရကြောင်း၊ များသောအားဖြင့် ရွှေဈေးတက်ချိန် ပြန်ရောင်းသော်လည်း အလျော့တွက် ကြောင့် အမြတ်မရဖူးကြောင်း လှိုင် မြို့နယ် (၇) ရပ်ကွက်မှ ရန်ကုန်မြို့တွင်း သို့ ရွှေလာရောင်းသူ အသက် ၄၂ နှစ် ခန့် အမျိုးသမီးတစ်ဦးကဆိုသည်။
လက်ရှိပြည်တွင်း အခေါက်ရွှေ ဈေးနှုန်းမှာ နိုဝင်ဘာ ၂၂ နေ့တွင် ကျပ် ခုနစ်သိန်း ခုနစ်သောင်းသုံးထောင့် လေးရာ ဝန်းကျင်ရှိကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့က ခုနစ်သိန်း ငါးသောင်း လေးထောင့်ရှစ်ရာအထိ ကျဆင်းသွားခဲ့ရာ ကွာခြားချက်မှာ တစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ရှစ်ထောင်ခြောက်ရာနီးပါးရှိကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။