Showing posts with label By: The Voice Weekly. Show all posts
Showing posts with label By: The Voice Weekly. Show all posts

Wednesday, December 5, 2012

လက်ပံတောင်းတောင် ဒေသခံ သံဃာ တော်များ၏ သဘောထား ထုတ်ပြန်ချက်


၁။အမျိုးဘာသာ သာသနာကို ငြိမ်းချမ်းစွာဖြင့် ကာကွယ် စောင့်ရှောက် နေသော သံဃာတော် များနှင့် ပြည်သူလူထုကို မီးလောင် စေတတ်သော ဓာတုဗေဒ ပစ္စည်းများ ကိုအသုံးပြုလျက် အကွက်ကျကျ ကြိုတင်ပြင်ဆင်ပြီး ဥပဒေမဲ့ လူမဆန်စွာအကြမ်းဖက်ဖြိုခွဲ ဖျက်ဆီးခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။
 လက်ပံတောင်းတောင် ဒေသခံ သံဃာ တော်များ၏ သဘောထား ထုတ်ပြန်ချက်

ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ ရွာသာကြီးတွင် ယာဉ်မှတ်ပုံတင်များ လုပ်ဆောင်ပေးမည်


ယခင်က ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ မြင်သာရုံးတွင် ယာဉ်မှတ်ပုံ
တင်ခြင်း လုပ်ငန်း လုပ်ဆောင်ပေးနေသည့် ခရီးသည် တင် ယာဉ်နှင့် ကုန်တင်ယာဉ်များကို ဒီဇင်ဘာ ၃ ရက်နေ့မှစပြီး အဆိုပါ ဦးစီးဌာန ရွာသာကြီးတွင် စတင် ပြုလုပ်ပေးနေပြီဖြစ်ကြောင်း ယင်းဦးစီး ဌာန၊ နေပြည်တော် ရုံးချုပ်၏ သတင်းပေးပို့ချက် အရသိရသည်။ အငှားယာဉ်ကြီးများ ဖြစ်သော ခရီးသည်တင်(ဘတ်စ်)နှင့် ကုန်တင်ယာဉ် (ထရပ်)များ ကို ကနဦး မှတ်ပုံတင်ခြင်း လုပ်ငန်းဖြစ်သော နံပါတ်ပေးခြင်း၊ ယာဉ်စစ်ဆေးခြင်းနှင့် ယာဉ်မှတ်ပုံတင်စာအုပ် သက်သေခံ လက်မှတ်များ ထုတ်ပေးခြင်း များကို ယခု လဆန်းမှစ၍ စတင် လုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း သတင်းပေးပို့ချက်တွင် ဖော်ပြထားသည်။ 

လေးနှစ် အရွယ် ကလေးငယ် ဆင်နင်း၍ သေဆုံး


ပဲခူးရိုးမ အနီး တိုက်ကြီး မြို့နယ် ရွှေမြိုင်သာယာ ကျေးရွာတွင် ဒီဇင်ဘာ ၂ ရက်နေ့ ည ၁၀ နာရီ အချိန် ခန့်က ဆင်ရိုင်း တစ်ကောင် ဝင်ရောက် နှောက်ယှက်မှု ကြောင့် ၄ နှစ် အရွယ် ကလေး တစ်ဦး ဆင်းနင်း၍ သေဆုံး သွားကြောင်း ယင်း ဒေသခံ များက ပြောကြားသည်။
သေဆုံးသူ မောင်ပိုးချစ်၏ ခြံဝိုင်း အတွင်းသို့ ဆင်းရိုင်း ဝင်လာစဉ် ဖခင် ဦးမြင့်ကျော်ဦး က ပြန်လည် ထွက်သွားရန် ဒန်အိုးများ တီး၍ ခြောက်လှန့် နေစဉ် လေးနှစ် အရွယ် မောင်ပိုးချစ်သည် ကြောက်လန့်ပြီး အိမ်ထဲမှ ထွက်ပြေးစဉ် နေအိမ် အရှေ့ ၁၀ ပေ အကွာတွင် ဆင်နင်း ခံရသော ကြောင့် ဦခေါင်း ကွဲကြေ ဒဏ်ရာဖြင့် သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ အဆိုပါ ဆင်မှာ ဟိုင်းဆင်ဟု ယူဆ ရပြီး အရပ်၁၂ ပေခန့်မြင့်ကာ ည ၈ နာရီခွဲ အချိန် ခန့် ကပင် ရွာထဲသို့ ဝင်ရောက် နှောက်ယှက်ကာ ည ၁၀ နာရီ အချိန်ခန့်တွင် မောင်းပိုးချစ်တို့ ခြံဝန်း ထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
၎င်းဖြစ်စဉ်ကို တိုက်ကြီး ရဲတပ်ဖွဲ့ စခန်း မှ ( ပ ) ၁၄ / ၁၂ ဖြင့် အမှုဖွင့် စုံစမ်းလျက် ရှိကြောင်း ရဲတပ်ကြပ် တစ်ဦးက The Voice Weekly ၏ မေးမြန်မှုကို ပြန်လည် ဖြေကြားသည်။ ၄င်းကျေးရွာတွင် လူနေ အိမ်ခြေ ၁၅ လုံး အောက်သာ ရှိပြီး တိုက်ကြီး မြို့နယ် ရဲတပ်ဖွဲ့ စခန်းနှင့် ၁၂ မိုင်ခန့် ကွာဝေးကြောင်း၊ ၄င်းနှင့် နီးစပ်သည့် ရွာများ တွင်လည်း မကြာခဏ တောဆင် ရိုင်းများ ဝင်ရောက် နှောက်ယှက်မှု ရှိကြောင်း အဆိုပါ ရဲတပ်ကြပ်မှ ထပ်မံ ပြောကြားသည်။

Monday, December 3, 2012

လက်ပံတောင်းတောင် အရေး မြင်းခြံတွင် ဆန္ဒထုတ်ဖော်


မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြင်းခြံမြို့တွင် ယနေ့ မွန်းလွဲ တစ်နာရီ ခွဲမှစ၍ သံဃာတော် အပါး ၅၀ခန့်နှင့် လူတစ်ထောင်ခန့် တို့က လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းတွင် သပိတ်စခန်း ဖွင့်ခဲ့သည့် သံဃာတော် များကို ရဲတပ်ဖွဲ့ဝင် များက အကြမ်းဖက် နှိမ်နင်း ခဲ့မှုကို ကန့်ကွက်သည့် အနေဖြင့် ချီတက် ဆန္ဒထုတ်ဖော် လျက် ရှိကြောင်း ယင်း ဆန္ဒ ထုတ်ဖော်ပွဲ တွင် ပါဝင်သူ ကိုကြည်ဝင်း က ပြောကြားသည်။
မြင်းခြံမြို့ ဗိုလ်ချုပ်လမ်းရှိ ဆန္ဒတော်ပြည့် ဘုရားမှ ခရိုင်အထွေထွေ အုပ်ချုပ် ရေးမှူးရုံး၊ ယင်းမှ တဆင့် အမှတ် (၆)လမ်း ကိုဖြတ်၍ ဆန္ဒတော်ပြည့် ဘုရားတွင် ထိုင်သပိတ် ပြုလုပ်မည် ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။ ဆန္ဒပြ သူများ ထဲတွင် မြင်းခြံခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် များလည်း ပါဝင်သည်။ 

ငလျင်ဒေသ ပြန်လည် ထူထောင်ရန် ကျပ်ငွေ တစ်ဘီလီယံ သံုးစွဲ


ငလျင် လှုပ်ခတ်မှု ကြောင့် ပျက်စီးမှု များစွာ ကြုံတွေ့ ခဲ့ရသော စစ်ကိုင်း တိုင်း ဒေသ ကြီးတွင် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများ လုပ်ဆောင် ရန် ပြည်ထောင်စု အစိုးရက စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအား ကျပ်ငွေ တစ်ဘီလီယံ ပေးအပ်မည်ဖြစ်ကြောင်း သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေး က ပြောကြားသည်။

Tuesday, November 27, 2012

ထိုင်းရောက်မြန်မာများကို တရားမဝင် ခိုင်းစေလျှင် ထုတ်ကုန်ဈေးကွက် အထိ ကန့်ကွက်မည်


တရားမဝင် မြန်မာ အလုပ်သမား သန်းဂဏန်း အလုပ် လုပ်ကိုင် လျက်ရှိသော ထိုင်းနိုင်ငံတွင်
မြန်မာ အလုပ်သမား များကို တရားဝင် အလုပ်သမား အဖြစ် မှတ်ပုံတင်ကာ မခိုင်းစေ ပါက ထုတ်ကုန်ဈေးကွက် အထရားမဝင် မြန်မာအလုပ်သမား သန်းဂဏန်း အလုပ် လုပ်ကိုင်လျက် ရှိသော ထိုင်းနိုင်ငံတွင် မြန်မာ အလုပ်သမား များကို တရားဝင် အလုပ်သမား အဖြစ် မှတ်ပုံတင်ကာ မခိုင်းစေပါက ထုတ်ကုန်ဈေးကွက်အထိ  လိုက်ကန့်ကွက်မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ပြောကြားသည်။

ရန်ကုန် အရှေ့ပိုင်း မြို့နယ်များကို သောက် သုံးရေ ၄၅ သန်း တိုးမြှင့်ဖြန့်ဝေ ပေးမည်


မကြာခဏ သောက်သုံးရေ ပြတ်လတ်မှုများ ကြုံတွေ့ နေရသော ရန်ကုန် အရှေ့ပိုင်း ခရိုင် မြို့နယ် များသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့ (ပြည်ထောင်စုနေ့) တွင် တစ်နေ့ ရေဂါလံ ၄၅သန်းကို တိုးမြှင့်၍ ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြိုတော် စည်ပင် သာယာရေး ကော်မတီ ၊ (YCDC) အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) ဌာန စီမံကိန်း တာဝန်ခံ စည်ပင် အရာရှိ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

မြောက်ကိုရီးယားနှင့် ဆက်ဆံရေး လျော့ ကျအောင် မြန်မာကြိုးပမ်းလျက်ရှိဟု ဝါရှင်တန်ပြောကြား


မြန်မာနိုင်ငံသည် မြောက် ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု လျှော့ချနိုင်ရေး မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု လျှော့ချနိုင်ရေး အတွက် အပေါင်း လက္ခဏာ ဆောင်သော လုပ်ဆောင်မှုများ လုပ်ကိုင် လာပြအတွက် အပေါင်း လက္ခဏာ ဆောင်သော လုပ်ဆောင်မှုများ လုပ်ကိုင် လာပြီမြန် AP ဖြစ်သည်ဟု အိမ်ဖြူတော်၏ သတင်း ထုတ်ပြန်မှု ကိုဖြစ်သည်ဟု အိမ်ဖြူတော်၏သတင်းထုတ်ပြန်မှုကို ဗဏဗဏ သတင်းဌာနက ကိုးကားသတင်းဌာနက ကိုးကား ဖော်ပြသည်ဖော်ပြသည်။

မြန်မာ့မီးရထားရုံး အဆောက် အအုံကို ကြယ်ငါးပွင့်ဟိုတယ်အဖြစ် ပြောင်းမည်


ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ မြန်မာ့ မီးရထားရုံး အဆောက်အအုံ ဟောင်းကို
ကိုလိုနီခေတ် မြန်မာ့မီးရထားရုံး အဆောက် အအုံကို ကြယ်ငါးပွင့်ဟိုတယ်အဖြစ် ပြောင်းမည်
မူလ လက်ရာ မပျက်စေဘဲ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ် အဖြစ် ပြုပြင် တည်ဆောက် သွားမည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်းကို လုပ်ဆောင်မည့် စင်ကာပူ အခြေစိုက် Yoma Strategic Holdings ကုမ္ပဏီမှ ပြန်ကြားရေး တာဝန်ခံ ဒေါ်ခင်သူသူက The Voice Weekly သို့ နိုဝင်ဘာလ ၂၀ ရက်နေ့က ပြောကြားသည်။

ဈေး ပြန်အတက်တွင် ရွှေထည် ပြန်ရောင်းသူ များပြား

ဈေး ပြန်အတက်တွင် ရွှေထည် ပြန်ရောင်းသူ များပြား
ရန်ကုန် ရွှေလက်လီ ဈေးကွက် တွင် ရွှေဈေး ကျပ်နှစ်သောင်း နီးပါး မြင့်လာချိန်၌ ထုတ်ရောင်းလျှင် မြတ်မည်ဟု ယူဆ ပြီး ရွှေကုန် ရွှေလက်လီ ဈေးကွက်တွင် ရွှေဈေးကျပ်နှစ်သောင်း နီးပါး မြင့်လာချိန်၌ ထုတ်ရောင်းလျှင် မြတ်မည်ဟု ယူဆပြီး ရွှေ ထည်များ ပြန်လည် ရောင်းချလိုသူ သိသိသာသာ များလျက် ရှိကြောင်း တိတ်ချိန်ရွှေဆိုင်မှ လုပ်ငန်းရှင် ဦးဇော်အောင်က ထည်များ ပြန်လည်ရောင်းချလိုသူ သိသိသာသာများလျက်ရှိကြောင်း တိတ်ချိန်ရွှေဆိုင်မှ လုပ်ငန်းရှင်ဦးဇော်အောင်က The Voice Weekly သို့ ပြောကြားသည်။ 

Thursday, November 8, 2012

လုံခြုံရေး အကြောင်းပြ၍ အင်တာနက်၊ ဖုန်းစသည့် ဆက်သွယ်မှု များကို ကြားဖြတ် ဖမ်းယူနိုင် ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက်

တိုင်းပြည် လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး (သို့) ရပ်ရွာ အေးချမ်း သာယာရေး ကို ထိခိုက် စေနိုင်သော သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး စနစ်များ ကို အစိုးရ က ကြားဖြတ် ဖမ်းယူခြင်း နှင့် ဝင်ရောက် စစ်ဆေး ကြည့်ရှု နိုင်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြ ထားသော ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ပါရှိသည်။

Wednesday, September 12, 2012

ဘူဂေးရီးယားမှ လေယာဉ်သစ်များ ရောက်ရှိ

ဘူဂေးရီးယားမှ လေယာဉ်သစ်များ ရောက်ရှိ
မြန်မာ အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း (MAI) က လာမည့် အောက်တို ဘာတွင် နိုင်ငံတကာ ခရီးစဉ် များတိုးချဲ့ပျံသန်းရန် အတွက် ဘူဂေးရီးယား နိုင်ငံမှ ငှားရမ်းလိုက်သော အဲဘတ်စ် လေယာဉ် နှစ်စင်း သည် ရန်ကုန် မြို့သို့ ရောက်ရှိနေပြီ ဖြစ် ကြောင်း (MAI) မှ ပြောရေးဆိုခွင့်ရှိ သူ ဒေါ်အေးမရသာ က The Voice Weekly သို့ ပြောကြားသည်။

ဒုတိယမြောက် အငြင်းအခုံ


မြန်မာနိုင်ငံတွင် လွန်ခဲ့သော သြဂုတ်လ အတွင်းက အခြေခံ ဥပဒေ ခုံရုံး ကိစ္စနှင့် ပတ်သက်၍ အစိုးရနှင့် လွှတ်တော် ကိုယ်စားလှယ် များကြား စတင် ဖြစ်ပေါ် လာခဲ့သော သဘောထား ကွဲလွဲ တင်းမာမှုသည် ယခုအခါ အရှိန် ပိုမြင့်မား လာနိုင် သည့် အခြေအနေ တစ်ခု ထပ်မံ ဖြစ်ပေါ်လာလျက် ရှိသည်။ ထို အခြေအနေမှာ မကြာမီက လွှတ်တော် နှစ်ရပ်စလုံးမှ ပြင်ဆင်ပြီးခဲ့ သည့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြောင့် ဖြစ်သည်။

Saturday, September 8, 2012

မန္တလေးတွင် နွားစာ ရှားပါး၍ လူတစ်ဦး ကြိုးဆွဲချ သေဆုံး


မန္တလေးတိုင်း ဒေသကြီး နွားထိုးကြီး မြို့နယ် အုတ်တွင်း ရွာတွင် သြဂုတ်လ ၁၉ ရက်နေ့တွင် နွားစာ ရှားပါးလာ၍ မိမိကိုယ်ကို ကြိုးဆွဲချ သေကြောင်း ကြံစည်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ရဲတပ်ဖွဲ့ စခန်းနှင့် ယင်းကျေးရွာ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ ကျေးရွာနေ ဦးကုလား(ခ) ဦးဘုန်းမြိုင် ၄၇ နှစ်သည် သြဂုတ်လ ၁၉ ရက်နေ့တွင် ၄င်းနေထိုင်သော လေးပင်၊ သုံးပင် နေအိမ်၏ အနောက်ခန်းတံခါး ဘောင်တွင် လက်သန်းလုံးခန့် ရှိသော လေးပေ၊ ခြောက်ပေ အရှည်ရှိ ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေကြောင်း၊ ယင်းကဲ့သို့ သေဆုံးရခြင်းမှာ နွားစာရှာ ခက်ခဲ လာသောကြောင့် ဖြစ်ကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင် သူများက ဆိုသည်။ ယင်းသေဆုံးမှုကို နွားထိုးကြီးမြို့နယ် ရဲစခန်းက သေမှုသေခင်း အမှတ် ၉/ ၂၀၁၂ ဖြင့် အမှုဖွင့်ထားပြီး ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

Wednesday, September 5, 2012

နိုင်ငံပိုင် သတင်းစာ များတွင် ပြည်သူ့ ဗဟိုပြု သတင်းများ ဦးစားပေး ဖော်ပြမည်


နိုင်ငံပိုင် သတင်းစာ များတွင် ပြည်သူ့ ဗဟိုပြု သတင်းများ ဦးစားပေး ဖော်ပြမည်
နိုင်ငံပိုင် မြန်မာ့ အလင်း သတင်းစာနှင့် ကြေးမုံ သတင်းစာတွင် ပြည်သူများကို အသိပညာ၊ ဗဟုသုတ၊ ဖျော်ဖြေမှုနှင့် ရသစုံလင်စွာ ပေးစွမ်းနိုင်ရန် ပြည်သူ့ ဗဟိုပြု သတင်းများကို ဦးစားပေး ဖော်ပြ သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံ သတင်းစာတွင် ရေးသား ထားသည်။

Sunday, September 2, 2012

(ဗ)အက္ခရာ ယာဉ်ဟောင်းများ စက်တင်ဘာ ၅ ရက်တွင် လက်ခံမည်


အစိုးရသစ် လက်ထက် ယာဉ်အို ယာဉ်ဟောင်း အပ်နှံရေး စီမံချက် အရ လာမည့် စက်တင်ဘာလ ၅ ရက်မှ နေ့စပြီးပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင် (ဗ)အက္ခရာ ယာဉ်များကို စတင် အပ်နှံနိုင် မည် ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန် ကြေညာ ချက်အရ သိရသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်သည့် တညင်း ကုန်း အုတ်စက်ရုံ လုပ်သားများ လျော်ကြေးမရ

ပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်သည့် တညင်းကုန်း အုတ်စက်ရုံ လုပ်သားများ လျော်ကြေးမရ
ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်း အုတ်စက်ရုံအား ပုဂ္ဂလိက သို့ စက်တင်ဘာလ ၁ ရက်နေ့တွင် လွှဲပြောင်းမည် ဖြစ်သော်လည်း လုပ်သက်ရင့် စက်ရုံ ဝန်ထမ်း များမှာ ပင်စင်လစာ အပါအ၀င် ခံစားခွင့် လျော်ကြေး တစ်စုံတစ်ရာ ပေးလျော်ခြင်း 
မရှိကြောင်း စက်ရုံ လုပ်သားများက ပြောကြားသည်။

Saturday, September 1, 2012

ဖားကန် အနီးမိုင်းထိ၍ မြန်မာ့ တပ်မတော် အရာရှိ ၆ ဦးပါဝင် ၄၈ ဦးကျဆုံး


အစိုးရတပ်ဖွဲ များနှင့် ကေအိုင်အေတို့တိုက်ပွဲ များဖြစ်ပွါးနေသော မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့် နယ်မြေအနီးတွင် မြန်မာ့ တပ်မတော် ခလရ (၂၆၉) တပ်ရင်းသည်ဩဂုတ်လ ၂၉ ရက်နေ့က ကေအိုင်အေ များခိုအောင်းနေထိုင်နေသည် ကျေးရွာ ကိုဝင်ရောက်ရှင်းလင်းရာ ကေအိုင်အေ တို့ထောင်ထား သည် မိုင်းပဒေ သာအတွဲလိုက် ထိမှန်ပြီးအရာရှိ ၆ ဦးနှင့် အခြားအဆင့် တပ်သားစုစုပေါင်း ၄၂ ဦး စုစုပေါင်း ၄၈ ဦးကျဆုံးသွားကြောင်း အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာန ချုပ် မှတစ်ဆင့်သတင်းများရရှိ သည်။

Wednesday, August 29, 2012

မြန်မာ-ဂျပန် လိဂ် အသင်းများ အကျိုးတူ ပူးပေါင်းရန် လက်မှတ်ရေးထိုး


မြန်မာနိုင်ငံနှင့် ရင်းနှီးစွာ ဆက်ဆံ လာနေပြီး ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ တွင် ခြေလှမ်း သွက် နေသည့် ကမ္ဘာ့ စီးပွားရေး အင်အားကြီး ဂျပန်နိုင်ငံမှ လိဂ် အသင်း များနှင့် မြန်မာ နေရှင်နယ်လိဂ် အသင်းများတို့သည် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် ရန်ကုန်မြို့တွင် ယနေ့ လက်မှတ် ရေးထိုးခဲ့ ကြသည်။

Tuesday, August 28, 2012

ဦးနေမျိုးဝေ အမှုတွင် လိုက်ပါသူ ရှေ့နေ တစ်ဦး လိုင်စင် သိမ်းခံရ


ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ ရွှေနံသာ လယ်သမားများ အရေး ဆောင်ရွက်သူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီဥက္ကဌ ဦးနေမျိုးဝေ ကို ဇေကမ္ဘာ ကုမ္ပဏီက ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသောအမှုအတွက် ဦးနေမျိုးဝေဘက်မှ လိုက်ပါ ဆောင်ရွက်သော ရှေ့နေ တစ်ဦးဖြစ်သူ ဦးမျိုးမင်းသိန်း(ခ)ဦးပါစီပြည်ဟိန်းသည် အထက်တန်းရှေ့နေလိုင်စင် ရုပ်သိမ်းခံရကြောင်း ကာယကံရှင်က ပြောကြားသည်။