Wednesday, December 5, 2012

လေးနှစ် အရွယ် ကလေးငယ် ဆင်နင်း၍ သေဆုံး


ပဲခူးရိုးမ အနီး တိုက်ကြီး မြို့နယ် ရွှေမြိုင်သာယာ ကျေးရွာတွင် ဒီဇင်ဘာ ၂ ရက်နေ့ ည ၁၀ နာရီ အချိန် ခန့်က ဆင်ရိုင်း တစ်ကောင် ဝင်ရောက် နှောက်ယှက်မှု ကြောင့် ၄ နှစ် အရွယ် ကလေး တစ်ဦး ဆင်းနင်း၍ သေဆုံး သွားကြောင်း ယင်း ဒေသခံ များက ပြောကြားသည်။
သေဆုံးသူ မောင်ပိုးချစ်၏ ခြံဝိုင်း အတွင်းသို့ ဆင်းရိုင်း ဝင်လာစဉ် ဖခင် ဦးမြင့်ကျော်ဦး က ပြန်လည် ထွက်သွားရန် ဒန်အိုးများ တီး၍ ခြောက်လှန့် နေစဉ် လေးနှစ် အရွယ် မောင်ပိုးချစ်သည် ကြောက်လန့်ပြီး အိမ်ထဲမှ ထွက်ပြေးစဉ် နေအိမ် အရှေ့ ၁၀ ပေ အကွာတွင် ဆင်နင်း ခံရသော ကြောင့် ဦခေါင်း ကွဲကြေ ဒဏ်ရာဖြင့် သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ အဆိုပါ ဆင်မှာ ဟိုင်းဆင်ဟု ယူဆ ရပြီး အရပ်၁၂ ပေခန့်မြင့်ကာ ည ၈ နာရီခွဲ အချိန် ခန့် ကပင် ရွာထဲသို့ ဝင်ရောက် နှောက်ယှက်ကာ ည ၁၀ နာရီ အချိန်ခန့်တွင် မောင်းပိုးချစ်တို့ ခြံဝန်း ထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
၎င်းဖြစ်စဉ်ကို တိုက်ကြီး ရဲတပ်ဖွဲ့ စခန်း မှ ( ပ ) ၁၄ / ၁၂ ဖြင့် အမှုဖွင့် စုံစမ်းလျက် ရှိကြောင်း ရဲတပ်ကြပ် တစ်ဦးက The Voice Weekly ၏ မေးမြန်မှုကို ပြန်လည် ဖြေကြားသည်။ ၄င်းကျေးရွာတွင် လူနေ အိမ်ခြေ ၁၅ လုံး အောက်သာ ရှိပြီး တိုက်ကြီး မြို့နယ် ရဲတပ်ဖွဲ့ စခန်းနှင့် ၁၂ မိုင်ခန့် ကွာဝေးကြောင်း၊ ၄င်းနှင့် နီးစပ်သည့် ရွာများ တွင်လည်း မကြာခဏ တောဆင် ရိုင်းများ ဝင်ရောက် နှောက်ယှက်မှု ရှိကြောင်း အဆိုပါ ရဲတပ်ကြပ်မှ ထပ်မံ ပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။