Wednesday, December 5, 2012

လမ်းတံတား ဂိတ်များတွင် ကုန်တန်ပို တင်ဆောင်မှုအား ဒဏ်ကြေး ၁၀ဆ ကောက်ခံကာ ခွင့်ပြုပေးမည်

ဆက်သွယ်ရေး ၀န်ကြီး ဌာနမှ ထုတ်ပြန်ချက် တွေအရ ကုန်တင်ယာဉ်တွေ အနေနဲ့ သတ်မှတ် တန်ချိန်ထက် ကုန်တန်ပိုများ တင်ဆောင် လာပါက လမ်းတံတား

ဂိတ်တွေမှာ ဖြတ်သန်းမှုကို ဒဏ်ကြေး ၁၀ ဆ ကောက်ခံကာ ခွင့်ပြုပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆောက်လုပ်ရေး ၀န်ကြီး ဌာနမှ ကုန်တင်ယာဉ်များ ကုန်တန်ချိန် တင်ဆောင် ရာမှာ သတ်မှတ် ကုန်ချိန် အတွက် ဖြေလျှော့ပေးမှု တွေကို ယခုအခါ စတင် ခွင့်ပြုပေးနေပြီ ဖြစ်ပါတယ်။

 

ဒါပေမယ့် သတ်မှတ် တန်ချိန်ထက် ပိုမို တင်ဆောင် လာပါက သတ်မှတ် ကျသင့်ငွေ အပြင် ပိုမို တင်ဆောင် လာတဲ့ ကုန်တန်ချိန်များ အတွက် ကုန် ၁ တန် ၁ မိုင်လျှင် အခြေခံ နှုန်းရဲ့ ၁၀ ဆအထိ ဒဏ်ရိုက်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို ဒဏ်ရိုက် ရာမှာ လေလံ ဂိတ်များမှာ ပိုမို တင်ဆောင် လာတဲ့ ကုန်တန်ချိန်များ အတွက် ၁ တန် ၁ မိုင်လျှင် အခြေခံနှုန်းရဲ့ ၁၀ ဆဖြစ်တဲ့ ၂၀၀ ကျပ်နှုန်းနဲ့ တွက်ချက် ကောက်ခံမှာ ဖြစ်ပြီး BOD ဂိတ်များ မှာတော့ အခြေခံနှုန်းရဲ့ ၁၀ ဆဖြစ်တဲ့ ၄၀၀ ကျပ်နှုန်းနဲ့ တွက်ချက် ကောက်ခံကာ ဒဏ်ကြေး အဖြစ် ပေးဆောင် ရမှာ ဖြစ်ပါတယ်။

 

ယခုလို ဒဏ်ကြေး သတ်မှတ်မှုဟာ ခွဲခြား၍ သော်လည်းကောင်း၊ ဖြတ်တောက်၍ သော်လည်းကောင်း မရတဲ့ ပစ္စည်းတွေ ဖြစ်တဲ့ စက်ပစ္စည်းများ၊ ထရန်စဖော်မာကြီးများ စတဲ့ ပစ္စည်းကြီးများ သယ်ဆောင်ရန် အတွက် ခွင့်ပြုပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။