အင်ဒိုနီးရှား နိုင်ငံ North Sulawesi မြို့မှ Lokon မီးတောင် သည် နိုဝင်ဘာလ ၂၈ ရက်
နေ့က ပေါက်ကွဲမှုဖြစ်ပွား ခဲ့ရာ ပြာခိုးများသည် အထက် ၃.၅ ကီလိုမီတာအထိ လွင့် ထွက်သွားကြောင်းသိရသည်။

သို့သော် လူသေဆုံးမှု၊ နေရာ ပြောင်းရွှေ့မှု သတင်းများ မရှိကြောင်း အရာရှိများက ပြောကြား ခဲ့သည်။ မီးတောင်သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၅ မိနစ် အချိန်တွင် ပေါက်ကွဲ ခဲ့ကြောင်း အမျိုးသားမီးတောင်ဌာန အကြီးအကဲဆာရွန်နိုက ပြောကြားခဲ့သည်။ မီးတောင် အနီး နေထိုင်သူ များကို နိုးနိုး ကြားကြားနေ ကြရန် အဆိုပါဌာနက တိုက်တွန်းခဲ့သည်။
“မီးတောင်နဲ့ ၂.၅ ကီလိုမီတာ အတွင်း နေထိုင်ကြတဲ့ လူတွေကို ကျွန်တော်တို့က သတိပေးချက်တွေ ထုတ်ပြန် ခဲ့ကြပါတယ်”ဟု ဆာရွန်နိုက စင်ဟွာသို့ ဖုန်းဖြင့် ပြောကြား ခဲ့သည်။
မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရွေ့ ပြောင်းနေရာ ချထားမှု မရှိကြောင်း အမျိုးသား သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးနှင့် လျော့ချရေး အေဂျင်စီ (BNPB) ပြောခွင့်ရ ပုဂ္ဂိုလ် ဆူတိုပိုပါရိနူဂရိုဟို က အတည်ပြုခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် မီးတောင်ရှင် ၁၂၉ လုံးရှိသည့် ကျွန်းစုနိုင်ငံတစ်ခုဖြစ်သည်။
Ref:Xinhua
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။