Wednesday, December 5, 2012

အလေးချိန်ပေါင် ၁၀ဝ၀ ရှိတဲ့ ရှားမှရှားတူနာငါး

အလေးချိန်ပေါင် ၁၀ဝ၀ ရှိတဲ့ ရှားမှရှားတူနာငါး
ဘယ်ငါးဖမ်း သမားမဆို ငါး ကြီးကြီး ဖမ်းမိရင် လက်ခမောင်း ခတ် ပြီး ပျော်ကြတာ ချည်းပါပဲ။ ဒါပေမဲ့ မက်တာဝါ ၃၀ နှစ်ရဲ့ အပျော်က တခြား ငါးဖမ်း သမားတွေ ထက် အဆ ထောင်ပေါင်းမက ပိုခဲ့တယ်လို့ ဆိုရမှာ ပါ။


ကနေဒါရဲ့ပင်လယ် ပြည်နယ်တစ် ခုဖြစ်တဲ့ Nova Scotia ပြည်နယ် Canso ကမ်းလွန်မှာ ငါးဖမ်းနေတုန်း ပေါင် ၁၀ဝ၀ ရှိတဲ့ ဧရာမ တူနာငါးကြီး တစ်ကောင်ဖမ်းဆီး ရမိခဲ့တာကြောင့် သူ့တစ်သက်မှာ အပျော်ဆုံးနေ့တစ်နေ့ လို့တောင် မက်တာဝါက ပြောကြား ခဲ့ပါတယ်။
ဒီငါးကြိးကို ဂျပန်နိုင်ငံမှာ ပေါင် ၂၀ဝ၀ဝ နဲ့ ရောင်းချဖို့ မျှော် လင့်နေပြီး။ (ထွားပြီပေါ့) “ဒီငါး ဒီလောက်အထိကြီးလိမ့်မယ်လို့ ကျွန် တော်တို့မထင်ခဲ့ဘူး။ သင်္ဘောပေါ် ဆွဲ တင်ဖို့ အချိန် ၂ နာရီလောက် ယူခဲ့ရ တယ်။ ကျွန်တော်တစ်သက်မှာအပျော် ဆုံးနေ့ပဲဆိုပါတော့”လို့ တာဝါက ပြောကြားခဲ့ပါတယ်။
တူနာငါးတွေကို ဂျပန်တွေက ဆူချီလုပ်စားတာကြောင့် ဂျပန်မှာဈေးကောင်းကောင်းနဲ့ ရောင်း ချဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဒီတူနာ ငါးဟာ Atlantic Bluefin တူနာငါး အမျိုးအစားဖြစ်ပါတယ်။
ဒီငါးမျိုးနွယ် ထဲမှာ ပေါင်ချိန်အများဆုံးအဖြစ် စံချိန် တင်ထားတာကတော့ ၁၉၇၉ ခုနှစ်က Nova Scotia ကမ်းလွန်မှာ ဖမ်းမိခဲ့တဲ့ တူနာငါးဖြစ်ပြီး ၁၄၉၆ ပေါင်းရှိသတဲ့။ သာမန်အားဖြင့် တူနားငါးတွေဟာ အရှည် ၆.၅ ပေ၊ အလေးချိန် ၅၅၀ ပေါင်လောက်ရှိတတ်ပါတယ်။ အခုလို အကောင်ကြီးတွေကတော့ ရှားမှရှား လို့ ဆိုရမှာပါ။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။