Wednesday, December 5, 2012

 WiMax အင်တာနက်လိုင်း၏ ကနဦးတပ်ဆင်ခနှုန်းထားကို ကျပ် ၆၃၀၀၀၀ မှ ကျပ် ၄၅၀၀၀၀ သို့ ဒီဇင်ဘာ ၆ ရက်မှစ၍ လျော့ချ


59
ကနဦးတပ်ဆင်ခကျပ် ၃၆၀၀၀၀ ဖြင့်ရောင်းချစဉ်က ၀ယ်ယူရန် လာရောက်ကြသူများကိုတွေ့ရစဉ်
WiMax အင်တာနက်လိုင်း၏ ကနဦးတပ်ဆင်ခနှုန်းထားကို ယခင် ကျပ် ၆၃၀၀၀၀ မှ ယခု ကျပ် ၄၅၀၀၀၀ သို့ လျော့ချလိုက်ပြီး လစဉ်ကြေးနှုန်းထားနှင့် Plan အလိုက် ဈေးနှုန်းများမှာမူ အပြောင်းအလဲမရှိကြောင်း သတင်းရရှိသည်။

ကနဦးတပ်ဆင်ခနှုန်းထား ပြောင်းလဲခြင်းမှာ ဒီဇင်ဘာ ၆ ရက်တွင် စတင်မည်ဖြစ်ပြီး လစဉ်ကြေးနှုန်းထားများ လျော့ချခြင်းကိုမူ လာမည့် ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
MPT ADSL အင်တာနက်လိုင်းများကို ကျပ်ငါးသိန်းမှ ကျပ်ငါးသောင်းသို့လည်းကောင်း၊ ရတနာပုံ ADSL အင်တာနက်လိုင်းများကို ကျပ်ငါးသိန်းမှ ကျပ်တစ်သိန်းသို့လည်းကောင်း နှုန်းထားလျော့ချမှုများ ရှိခဲ့ပြီးနောက် WiMax အင်တာနက်လိုင်းများကိုလည်း ကနဦးတပ်ဆင်ခ ကျပ် ၆၃၀၀၀၀ မှ ကျပ် ၄၅၀၀၀၀ သို့ လျော့ချလာကြောင်း သိရသည်။
၂၀၁၂၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က ပရိုမိုးရှင်းပွဲတစ်ခုတွင် WiMax အင်တာနက်လိုင်းကို ကနဦးတပ်ဆင်ခ ကျပ် ၃၆၀၀၀၀ ဖြင့် ဈေးနှုန်းလျော့ချ၍ ရောင်းခဲ့ဖူးပြီး ၂၀၁၅ ခုနှစ်တွင် WiMax အင်တာနက်ကို ကနဦးတပ်ဆင်ခ လုံးဝမယူဘဲ တပ်ဆင်အသုံးပြုနိုင်စေရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်းကိုလည်း Red Link ကုမ္ပဏီမှ တာဝန်ရှိသူများက ယခုနှစ် နှစ်ဆန်းပိုင်းက ပြောကြားထားခဲ့ဖူးကြောင်း သိရသည်။
WiMax Service Plan များကို ခြောက်မျိုးသတ်မှတ်ထားပြီး Silver, Gold, Gold+, Platinum, Platinum+, Diamond ဟူ၍ရှိကြောင်း သိရသည်။  လစဉ်ကြေးမှာ 512 Kbps ကို ၃၀ ဒေါ်လာ၊ 1 Mpbs ကို ၅၅ ဒေါ်လာ၊ 2 Mpbs ကို ၉၀ ဒေါ်လာနှင့် 3 Mpbs ကို ၁၅၅ ဒေါ်လာဟူ၍သတ်မှတ် ထားကြောင်းသိရသည်။
WiMax အင်တာနက်ကို Prepaid ကတ်ဖြင့်လည်း သုံးစွဲနိုင်ပြီး Prepaid ကတ်ကို Data Usage ဖြင့်သတ်မှတ်ထားခြင်းဖြစ်ကာ ဈေးနှုန်းများမှာ 1 Gb ကတ်ကို ၁၆၀၀၀ ကျပ်၊ 2 Gb ကတ်ကို ၂၇၀၀၀ ကျပ်နှင့် 3 Gb ကတ်မှာ ကျပ် ၃၆၀၀၀ ဖြစ်ကြောင်း သိရသည်။       

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။