Wednesday, December 5, 2012

မိုဘိုင်းဖုန်းများ နောက်နှစ် ပထမ လေးလပတ် အတွင်း ဈေးချမည်


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လက်ရှိ ချထား ပေးနေသော မို ဘိုင်းဖုန်းများ ဈေးနှုန်းကို လျှော့ချပေးမည် ဖြစ်ပြီး လာမည့် ၂၀၁၃ ခုနှစ် ပထမ လေးလပတ် အတွင်း ဈေးနှုန်းများကို လျှော့ချပေးမည် ဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မိုဘိုင်းဖုန်းများကိုဈေးနှုန်းလျှော့ချရာတွင် နောက်နှစ်ဧပြီလ မတိုင်မီ လျှော့ချသွားမည်ဖြစ်ပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လ တစ်လ လတွင် လျှော့ချပေးသွားမည်ဖြစ်သည်ဟု သိရပြီး လျှော့ချမည့်ဈေးနှုန်းမှာ ၁၅၀çဝ၀ဝ အောက်တွင်သာ ရှိမည်ဖြစ်ပြီး ထို့ထက်လည်း ပိုမိုဈေးကျသွား နိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှသိရသည်။

မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှတာဝန်ရှိသူက “မိုဘိုင်းဖုန်းတွေကို လာမည့်ဇန်နဝါရီ၊ ဖေ ဖော်ဝါရီ၊ မတ်တစ်လလမှာ ဈေးလျှော့ပေးမှာပါ။ ဧပြီကိုကျော်မှာ မဟုတ် ပါဘူး။ ဈေးနှုန်းကို အတိအကျမပြောနိုင်သေးပါဘူး။ ဈေးနှုန်းက ၁၅၀ဝ၀ဝ အောက်ကိုတော့ကျမှာပါ။ ၁၃၀ဝ၀ဝ ထက်ကျတာလည်းဖြစ်နိုင်ပါတယ်။ အတိအကျတော့ ပြောနိုင်တာက ၁၅၀ဝ၀ဝ အောက်ကိုကျမယ်ဆိုတာ ပါပဲ”ဟု ပြောသည်။
ယင်းဖုန်းများကို ကျပ် ၁၃၀ဝ၀ဝ ဖြင့် ရောင်းချမည် ဟုလည်း ပြင်ပတွင်သတင်းများထွက်ပေါ်နေသည်။ မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်းများ ဈေးနှုန်း လျှော့ချခြင်းနှင့် ပတ်သက်ပြီး မိုဘိုင်းဖုန်း ဆိုင်တစ်ဆိုင်မှ မန်နေဂျာတစ်ဦးက “ဈေးချတယ်ဆိုတာက Customer အတွက် ဘယ်လိုဖြစ်ဖြစ် ကောင်းပါတယ်။
များများကျလေကောင်းလေ ပါပဲ။ ပြိုင်ဆိုင်မှုတွေများလာမယ်ဆိုရင် ဖုန်းဈေးက အများကြီးကျသွားနိုင် ပါတယ်။ အခုအပြင်မှာ ပြောနေတာက ၁၅၀ဝ၀ဝ အောက်လို့ ပြောပါ တယ်။ ဒီထက်အများကြီးကျသွားတယ်ဆိုရင် ပိုကောင်းပါတယ်”ဟု သူ၏ အမြင်ကိုပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်းများကို ယခုနှစ် အတွင်းတွင် ဈေးလျှော့ပြီးချထားပေးခြင်းဖြစ်ပြီးGSM မိုဘိုင်းဖုန်း များကို ကျပ်နှစ်သိန်းဖြင့် လည်းကောင်း၊ WCDMA မိုဘိုင်းဖုန်းများကိုကျပ် နှစ်သိန်းခွဲဖြင့်လည်းကောင်းချထားပေးခြင်းဖြစ်သည်။ ယင်းဖုန်းများကို ယခု နှစ် မတ်လနှင့် ဧပြီလများတွင် ချထားပေးခြင်းကြောင့် ပြည်တွင်းတွင် မိုဘိုင်းဖုန်းသုံးစွဲသူ တိုးတက်လာခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။