
ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်း အုတ်စက်ရုံအား ပုဂ္ဂလိက သို့ စက်တင်ဘာလ ၁ ရက်နေ့တွင် လွှဲပြောင်းမည် ဖြစ်သော်လည်း လုပ်သက်ရင့် စက်ရုံ ဝန်ထမ်း များမှာ ပင်စင်လစာ အပါအ၀င် ခံစားခွင့် လျော်ကြေး တစ်စုံတစ်ရာ ပေးလျော်ခြင်း
မရှိကြောင်း စက်ရုံ လုပ်သားများက ပြောကြားသည်။
ယခင်က အဆိုပါ စက်ရုံ ဝန်ထမ်းများကို စက်ရုံအနီးနှင့် ဝင်းအတွင်း နေအိမ်များ ပေးထားပြီး ၊ အချို့ ဝန်ထမ်းများကို တဲထိုး နေထိုင်ခွင့် ပေးသော်လည်း Mother Trading သို့ လွှဲပြောင်းပြီး နောက်ပိုင်းတွင် ဆက်လက် အလုပ်လုပ်မည့် ၀န်ထမ်း အချို့ကိုသာ နေထိုင်ခွင့် ပေးကြောင်း အဆိုပါ စက်ရုံ အလုပ်သမားများ ထံမှ သိရသည်။ အထက်ပါ ကိစ္စနှင့် ပါတ်သက်ပြီး The Voice Weekly က တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ၀န်ကြီးဌာန၏ ညွှန်ကြားချက် ဖြစ်သောကြောင့် တစ်စုံတစ်ရာ ဖြေကြားပိုင်ခွင့် မရှိပါကြောင်း ၊ အသေးစိတ် သိရှိလိုပါက ၀န်ကြီးဌာန ရုံးအဖွဲ့မှူး ထံသို့ဆက်သွယ် မေးမြန်းရန် ဖြေကြားသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။