နိုင်ငံပိုင် မြန်မာ့ အလင်း သတင်းစာနှင့် ကြေးမုံ သတင်းစာတွင် ပြည်သူများကို အသိပညာ၊ ဗဟုသုတ၊ ဖျော်ဖြေမှုနှင့် ရသစုံလင်စွာ ပေးစွမ်းနိုင်ရန် ပြည်သူ့ ဗဟိုပြု သတင်းများကို ဦးစားပေး ဖော်ပြ သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံ သတင်းစာတွင် ရေးသား ထားသည်။
ယင်းဖိတ်ခေါ်စာမှာ ပြည်ထောင်စု ဝန်ကြီးများ အပြောင်းအလဲဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်ဦးအောင်ကြည်အား ခန့်အပ်ပြီးနောက် ထုတ်ပြန် ခဲ့ခြင်း ဖြစ်ကာ ယခင်ကျောဖုံး၌ ဖော်ပြခဲ့သော လွှတ်တော် သတင်းများလည်း ရှေ့ဖုံး၌ ဦးစားပေး ဖော်ပြလာသည်ကို မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင် တွေ့ရသည်။ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က အရပ်ဘက် လူ့အဖွဲ့အစည်းများကို စည်းမျဉ်းစည်းကမ်းများ ပြဌာန်း၍ ချုပ်ချယ်သွားမည် မဟုတ်ကြောင်း နှင့် မိမိဘာသာ ပြဌာန်း၍ မိမိဘာသာ စောင့်ထိန်းနိုင်သော သိက္ခာရှိ အဖွဲ့ အစည်း များ ဖြစ်အောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂ ရက်နေ့က ရုပ်ရှင် အစည်း အရုံးတွင် ပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ ပြည်တွင်း မီဒီယာ သမားများ ကြားတွင်လည်း ပုဂ္ဂလိကပိုင် သတင်းစာများ ထုတ်ဝေခွင့်ပြုရေး မျှော်လင့်လျှက် ရှိသည်။မြန်မာ့အလင်း သတင်းနှင့် ကြေးမုံသတင်းစာ နှစ်ခုမှာ ဦးနေဝင်း ဦးဆောင်သော မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ပြည်သူပိုင် သိမ်းခံခဲ့ရပြီး တပ်မတော် အစိုးရ လက်ထက်တွင် တပ်မတော်၏ လှုပ်ရှား ဆောင်ရွက်မှု သတင်းများကို ဦးစားပေး ဖော်ပြခဲ့သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။