
အသက် ၁ လနှင့် ရက် ၂ဝ ရှိ အဆိုပါ ကလေးငယ်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက် နှင့် အာရုံကြောခွဲစိတ်ဌာနတွင် တက်ရောက်ကုသပြီး ခြောက်ရက် အကြာတွင် ခွဲစိတ်ဆရာဝန် ဦးမြတ် သူ၊ ဒေါက်တာကျော်စွာအောင်နှင့် မေ့ဆေးဆရာဝန် ဦးအောင်ကြည်တို့ ပါဝင်သော အဖွဲ့က ခွဲစိတ်ပေးခြဲ့ခင်း ဖြစ်ကြောင်း သိရသည်။ နံနက် ၉ နာရီမှ စ၍ ခွဲခန်းသို့ ဝင်ရောက်ခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် ပြီးစီးကြောင်း ဆေးရုံဆင်း ရမည့် ရက်ကိုမူမသိရှိရသေးကြောင်း ကလေး၏ မိဘများကပြောသည်။ မေ့ဆေးဆရာဝန် ဦးအောင် ကြည်က 'ကလေးကခေါင်းကကြီး တော့ အသက်ရူပိုက်ထည့်ရတာ တခြားကလေးထက်ပို ခက်တယ်။ ကလေးကနုတော့ လူကြီးထက်ပို ဂရုစိုက်ရတယ်။
တခြားပြဿနာ က ဘာမှမရှိပါဘူး' ဟု ခွဲစိတ်မှုနှင့် ပတ် သက်၍ ပြောကြားသည်။ အဆိုပါ ကလေး၏ အသားပိုမှာ လုံးပတ် ၉ လက်မ၊ အမြင့် ၆ လက်မခန့်ရှိသည်ဟု ခန့် မှန်းရပြီး ခွဲစိတ်ရန်ငွေအခက်အခဲရှိ နေသောကြောင့် စေတနာရှင်များ က လည်းလာရောက် လှူဒါန်းကြ ကြောင့် ထို့သို့လာရောက်လှူဒါန်း သော အလှူရှင်းများနှင့် ခွဲစိတ်ပေး သော ဆရာဝန်များ ဆရာမများကို ကျေးဇူးတင်ကြောင်း ကလေးမိဘ များက ပြောကြားသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။