Wednesday, September 5, 2012

မြန်မာနိုင်ငံမှာ ဈေးအကြီးဆုံးဖြစ်သွားတဲ့ ၈၈ ၏ ဂီတာ

ရန်ကုန် (မဇ္ဈိမ) ။         ။ ၈၈ ကျောင်းသားခေါင်းဆောင် သုံးဦးပေါင်း ရေးဆွဲထားသည့် ပန်းချီလက်ရာများ ပါဝင်
သော ဂီတာတလုံးကို ကျပ်သိန်းပေါင်း ၅၈၈ သိန်းနှင့် စက်တင်ဘာ ၁ ရက်နေ့က MCC ခန်းမမှာ ကျင်းပခဲ့သည့် ၈၈ မျိုးဆက် ရန်ပုံငွေ စေတနာ ဝသာန်ဂီတ ဖျော်ဖြေပွဲမှာ ရောင်းချနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် ဈေးအကြီးဆုံး ဂီတာ
ဖြစ်သွားခဲ့သည်။



ဂီတာ၏ နောက်ကျောဘက်တွင် ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ကိုပြုံးချိုတို့ သုံးဦးရေးဆွဲထားသည့် ရန်ကုန်တက္ကသိုလ်
နောက်ခံ ပန်းချီနှင့်ဂစ်တာ၏ ရှေ့ဘက်တွင် ၈၈ မျိုးဆက် The 88 generation ဆိုသော စာသားပါဝင်သည်။

ဒီဂစ်တာကို လေလံဆွဲသူများကား စစ်အစိုးရလက်ထက် လက်ရင်းလူယုံ ခရိုနီလုပ်ငန်းရှင်များဟု သမုတ်ခံကြရသော
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် Sky Net ရုပ်သံလိုင်းက အထွေထွေ မန်နေဂျာ ဦးဝင်းနိုင်တို့
ဖြစ်ကြပြီး အဆုံးတွင် ဦးဝင်းနိုင်က က ၅၈၈ သိန်းနှင့် အနိုင်ရရှိသွားခဲ့ခြင်းကာ စေတနာ ဝသာန် ဖျော်ဖြေပွဲ လာရောက်သူတွေအတွက် အံ့သြမင်သက်မှုကို ဖြစ်သွားစေတော့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။